Part-9

10.5K 194 15
                                        

ချစ်ရပါသောကလေးငယ်

Part-9

"ဘေဘီ နားမလည်တာရှိရင်ကိုယ့်ကိုလာမေးနော်"

မဟာအလုပ်စားပွဲပေါ်ကနေသူ့ဘေးနားစားပွဲမှာအလုပ်လုပ်နေတဲ့ဘေဘီကိုကြည့်ကာပြောလိုက်သည်။

"ငယ်ပါဦးထင်ရ ဒီလောက်ကတော့ပိုင်ပါတယ်"

"အဟက်!ဟုတ်ပါပြီ"

ထိုချိန်အခန်းထဲမင်းလတ်တစ်ယောက်ဝင်လာလေသည်။

"Boss....."

"ဘာလဲမင်းလတ်"

"အပြင်ထွက်ကြည့်မှရပါလိမ့်မယ်"

"ဘာ!

မဟာလည်းဘေဘီလက်ကိုဆွဲကာမင်းလတ်နဲ့အတူအခန်းပြင်ထွက်လာခဲ့သည်။အပြင်ရောက်တော့လူတွေဝိုင်းအုံနေသည်ကိုတွေ့ရသည်။သူတို့ပါမသိမသာနဲ့ကဲကြည့်တော့ဝန်ထမ်းတွေပြဿနာဖြစ်နေပုံ။

"အဲ့တာဘာဖြစ်နေကြတာလဲ"

"ဟင် Boss...."

လူစုကကွဲသွားကာမဟာတို့ကိုခေါင်းငုံ့လျှက်နဲ့ကြည့်လာသည်။

"မင်းတို့အလုပ်မလုပ်ပဲဘာလုပ်နေကြလဲဟမ်း!

"Boss....စိမ့်လေရူးဆိုတဲ့ကလေးတစ်ယောက်အမေကအလုပ်မလုပ်ပဲအကြောင်းပြချက်တွေပေးပြီးအလုပ်ခွင့်ရက်တောင်းနေတယ်"

စိမ့်လေရူး ဆိုတဲ့နာမည်ကြောင့်မင်းလတ်ဆက်ကနဲကြည့်လိုက်တော့အစ်မပင်။အစ်မကဘယ်လိုလုပ်ပြီးဒီကုမ္ပဏီကိုရောက်နေရတာလဲ။၂နှစ်တောင်ခြေရာဖျောက်သွားခဲ့ပြီလေခုမှ။

"အလုပ်ခွင့်ရက်ကဘာဖြစ်လို့လဲနေမကောင်းလို့လား"

"ဟို စိမ့်သားလေးနေမကောင်းဘူးဆိုလို့ဆေးရုံသွားမလို့ခွင့်တောင်းတာပါ"

"သားလေးလား အသက်ဘယ်လောက်ရှိပြီလဲ"

ဝင်မေးလိုက်သူကမင်းလတ်ရာဖြစ်သည်။မင်းလတ်မေးတော့သူ့ကိုမော့ကြည့်လာပြီးအံ့သြမှင်သက်နေပုံရသည်။

"ဟို အသက်၂နှစ်ပြည့်ပါတော့မယ်"

"ဟာ ကလေးငယ်ငယ်လေးရှိသေးတာပဲ မိခင်ကအနီးကပ်စောင့်ရှောက်သင့်တယ်လေ သွားကလေးနေပြန်ကောင်းမှအလုပ်လာဝင်"

~ချစ်ရပါသောကလေးငယ်~Where stories live. Discover now