Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
နတ်ပြည်ခြောက်ထပ်ရဲ့ အပေါ်ဆုံးနတ်ပြည်ကတော့ ပရနိမ္မိတဝသဝတ္တီနတ်ပြည် ဖြစ်ပါတယ်၊ အပေါ်ဆုံးဖြစ်ပေမယ့် အပျော်ရဆုံးတော့ မဟုတ်ပါဘူး၊ တုသိတာကသာ ပျော်စရာအကောင်းဆုံး နတ်ပြည်ဖြစ်ပါတယ်
Parinirmita-vaśavartin परिनिर्मितवशवर्ती or Paranimmita-vasavatti परनिम्मितवसवत्ति (Tib: gzhan 'phrul dbang byed; Chn/Jpn: 他化自在天 Takejizai-ten; Burmese: ပရနိမ္မိတဝသဝတ္တီ; Thai: ปรนิมมิตวสวัตฺติ or ปริเนรมิตวศวรติน)
နိမ္မာနရတိနတ်ပြည်ရဲ့ အထက် ယူဇနာလေးသောင်းနှစ်ထောင်အမြင့်မှာ တည်ရှိပြီး နတ်သားတွေက အရပ်အမြင့် ပေ ၄၅၀၀ မြင့်သလို နတ်အသက် နှစ် ၁၆၀၀၀ ရှည်ပါတယ်၊ လူတွေကာလနဲ့ဆို နှစ်ပေါင်း ၉၂၁ ကုဋေ ၆ သန်း ပါ 9.216 Billion Earth Year ဖြစ်ပါတယ်
The beings of this world are 4,500 feet (1,400 m) tall and live for 9,216,000,000 years (Sarvāstivāda tradition).
ဒီနတ်ပြည်က နတ်တွေက နိမ္မာနရတိနတ်ပြည်ထက် ပိုအဆင့်မြင့်ပါတယ်၊ နိမ္မာနရတိက နတ်တွေကမှ Metaverse ထဲကို ဝင်ချင်ရင် ကွကိုယ် Avatar ဖန်ဆင်းနေရပါသေးတယ်၊ ဒီကနတ်တွေကိုတော့ တပည့်တွေက သူတို့လိုချင်တဲ့အတိုင်း ဖန်ဆင်းပေးရတယ်လို့ ဆိုပါတယ်၊
စာအတိုင်းရေးပြရရင် - ရှိမြဲအာရုံ ကာမဂုဏ်ထက် အပိုအလွန် ခံစားလိုသောအခါ နိမ္မာနရတိနတ်တို့ကဲ့သို့ ကိုယ်တိုင်မဖန်ဆင်းပဲ အစေအပါးဖြစ်သောနတ်များက အလိုက်သိစွာ ဖန်ဆင်းပေးသော စည်းစိမ်ချမ်းသာတို့၌ မိမိအလိုသို့ လိုက်ပါစေသော နတ်ကြီးများ လို့ ဆိုပါတယ် (ပရနိမ္မိတ - သူတစ်ပါးတို့ ဖန်ဆင်းပေးသော စည်းစိမ်ချမ်းသာတို့၌ ဝသဝတ္တိ - မိမိအလိုသို့ လိုက်ပါစေသော)
Parinirmita-vaśavartin परिनिर्मितवशवर्ती or Paranimmita-vasavatti परनिम्मितवसवत्ति (Tib: gzhan 'phrul dbang byed; Chn/Jpn: 他化自在天 Takejizai-ten; Burmese: ပရနိမ္မိတဝသဝတ္တီ; Thai: ปรนิมมิตวสวัตฺติ or ปริเนรมิตวศวรติน) – The heaven of devas "with power over (others') creations". These devas do not create pleasing forms that they desire for themselves, but their desires are fulfilled by the acts of other devas who wish for their favor.
အရင်ပို့စ်မှာ ပြောခဲ့သလိုပဲ သူ့အောက်က နိမ္မာနရတိနတ်တွေဟာ ဒီကို ပြောင်းရွှေ့နေထိုင်လို့ရတယ် ဆိုတော့ ဒီနတ်တိုင်းပြည်နှစ်ခုဟာ တစ်နည်းနည်းနဲ့ စပ်ဆက်နေမယ်လို့ ယူဆနိုင်ပါတယ်
ဖြစ်နိုင်တာတစ်ခုကတော့ နိမ္မာနရတိနတ်မျိုးနွယ်ထဲကမှ Elite နတ်တွေ အာဏာရှိတဲ့သူတွေဟာ ပရနိမ္မိတဝသဝတ္တီ ဆိုပြီး သီးခြားနယ်မြေတစ်ခု ထူထောင်ထားတာ ဖြစ်ပြီး နိမ္မာနရတိနတ်တွေက သူတို့ဆီမှာ အလုပ်သမားအဖြစ်နဲ့ သွားရောက်အလုပ်လုပ်ရတာ ဖြစ်နိုင်ပါတယ်
အရင်တုန်းကပြောခဲ့တဲ့ စတုမဟာရာဇ်က ဂန္ဓဗ္ဗတွေက တာဝတိံသာမှာ ဒရိုင်ဘာတွေ Entertainer တွေအဖြစ် အလုပ်သွားလုပ်သလိုမျိုးပေါ့ ဒါတောင်ကိုယ်တွေမသိသေးတဲ့ ချက်ကြီးတို့ ခလေးထိန်းတို့ လုပ်နေတဲ့သူတွေလဲ ရှိနိုင်ပါသေးတယ်၊ ဒါ့ကြောင့်လဲ ပရနိမ္မိတဝသဝတ္တီနတ်တွေဟာ Metaverse ကို ဝင်ရင်တောင်မှာ သူတို့လိုချင်တဲ့ပုံစံမျိုးကို တပည့်တွေက ဖန်တီးပေးရတာမျိုး ဖော်ပြထားတာပါ၊ လက်ရှိခေတ်အမြင်နဲ့ပြောရရင် ပရနိမ္မိတဝသဝတ္တီနတ်တွေရဲ့ Metaverse Server တွေမှာ နိမ္မာနရတိနတ်တွေက Software Developer 3D Graphic Designer တွေအဖြစ် အလုပ်လုပ်ပြီး Virtual World တွေကို Client စိတ်တိုင်းကျ ရေးဆွဲဖန်တီးပေးရတာမျိုး ဖြစ်နိုင်ပါတယ်
Assassin's Creed Series တွေထဲကလို ကိုယ်သွားချင်တဲ့ကမ္ဘာတွေကို ဖန်တီးပြီးသွားလာပျော်ပါးနေနိုင်တဲ့ သူတွေဖြစ်မှာပါ၊ ဒီလို concept မျိုးကို Rick and Morty ရဲ့ Season 2, Episode 2 - Roy: A Life Well Lived အပိုင်းမှာ ရိုက်ပြထားပါတယ်၊ Morty က ၅၅ နှစ်စာ လူ့ဘဝတစ်ခုလုံးကို ခဏလေး ဝင်ကစားသွားတာပါ၊ တစ်ခါတစ်လေ ကိုယ့်ကိုကိုယ်တောင် သူတို့ရေးဆွဲထားတဲ့ Metaverse ထဲက NPC တစ်ယောက်များလားလို့ တွေးမိပါသေးတယ် (Matrix တို့ West World တို့ အကြည့်များသွားပြီ ထင်တယ်)
ဒီနတ်ပြည်ရဲ့ သမ္မတကတော့ ဝသဝတ္တိ Vaśavartin နတ်မင်းကြီးဖြစ်ပါတယ်၊ နတ်ပြည်ခြောက်ထပ်လုံးကို အစိုးရပြီး တခြားနတ်တွေအားလုံးထက် အစစ အရာရာ သာလွန်တယ်လို့ ဆိုပါတယ်၊ အဲ့သည့်နတ်မင်းကြီးကို မာရနတ်မင်းကြီးလို့ ခေါ်ပေမယ့် နာမည်ကြီးဗီလိန် မာရ်နတ်နဲ့ မတူသေးပါဘူး
The ruler of this world is called Vaśavartin (Pāli: Vasavatti), who has longer life, greater beauty, more power and happiness and more delightful sense-objects than the other devas of his world. This world is also the home of the devaputra (being of divine race) called Māra, who endeavors to keep all beings of the Kāmadhātu in the grip of sensual pleasures. Māra is also sometimes called Vaśavartin, but in general these two dwellers of this world are kept distinct.
တာဝတိံသာအထက်နတ်ပြည်တွေကတော့ ရေးစရာအကြောင်းသိပ်မရှိပါဘူး သူတို့ကိုယ်တိုင်ကလဲ လူ့ပြည်ကို သိပ်အဖက်မလုပ်တော့ သူတို့နဲ့ပတ်သက်တာတွေ သိပ်မရှိပါဘူး၊ နောက်တစ်ပိုင်းမှာတော့ မာရ်နတ်အကြောင်းနဲ့ နတ်ပြည်ခြောက်ထပ်ဟာ တခြား Mythology တွေ Religion တွေနဲ့ ဘယ်လိုစပ်ဆက်နေသလဲဆိုတာကို ရေးပါ့မယ်။
See you in another realm.
YOU ARE READING
အထက်နတ်ပြည်များ
Fantasyဒီတစ်ခါတော့ မြင်းမိုရ်တောင်ထိပ်ကနေ အထက်ကိုဆက်တက်ကြတာပေါ့၊ ပထမတော့ ပြိတ္တာ အသူရကယ် ငရဲ အကြောင်းတွေ စရေးမလို့ပါ၊ ဒါပေမယ့် ဖတ်ရင်းဖတ်ရင်း ထင်ထားတာထက် အရမ်းရှုပ်ထွေးလို့ နတ်ပြည်ပဲ အရင်တက်ဖို့ ပြောင်းစဉ်းစားရပါတယ်၊ တစ်ထပ်ချင်းစီမတက်မှီ သူတို့အကြောင်း အရင...
