(၄) နတ်ဘဝသံသရာ Deva Life Cycles

187 3 0
                                        

ဒီတစ်ခါတော့ နတ်တွေ ဘယ်လိုဘယ်ပုံ နေထိုင်စားသောက်တယ်ဆိုတာ လေ့လာကြည့်ရအောင်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ဒီတစ်ခါတော့ နတ်တွေ ဘယ်လိုဘယ်ပုံ နေထိုင်စားသောက်တယ်ဆိုတာ လေ့လာကြည့်ရအောင်

နတ်တွေဟာ မွေးဖွားလာပုံ ဆန်းကျယ်ပါတယ်၊ အကောင်လိုက်လဲ မမွေး၊ ဥကလဲ မပေါက်ပဲ ရင်ခွင်ပိုက်အရွယ်အဖြစ် နတ်မိဘတွေရင်ခွင်မှာ ဘွားကနဲပေါ်တယ်လို့ ဆိုပါတယ်၊ တချို့ကလည်း ခလေးအရွယ်မဟုတ်ပဲ အသက် ၁၆-၂၀ ဝန်းကျင်အဖြစ် တန်းအသက်ဝင်တယ် လို့ ဖော်ပြထားပါတယ်၊

ဒီလို concept မျိုးကို Sci-fi ရုပ်ရှင်တွေထဲမှာ အများအပြားတွေ့ရပါတယ်၊ Advanced Civilization ကြီးတွေမှာ ဘယ်သူမှ ဒုက္ခခံပြီး ကိုယ်ဝန်မဆောင်ချင်တော့ပါဘူး၊ Invitro fertilization တွေ၊ DNA multiplication နည်းတွေနဲ့ ကိုယ်ဝန်အတုတွေဖန်တီးပြီး မွေးစားခလေးတွေ သို့မဟုတ် Clones တွေ ဖန်တီးယူကြပါလိမ့်မယ်၊

Altered Carbon လို ဇာတ်ကားမျိုးမှာဆို မိမိလိုချင်တဲ့ Body ကို တန်းဖန်တီးယူပြီး အသက်ဆက်နိုင်တာကို ရိုက်ပြထားပါတယ်၊ ဒီလိုနည်းပညာတွေ ရှိနေတဲ့ Advanced Civilization ကြီးတွေဟာ နွားလှည်းနဲ့ ခရီးသွားနေတဲ့ ရှေးလူတွေကို သူတို့ ဘယ်လိုခလေးမွေးသလဲဆိုတာ ရှင်းပြဖို့ အတော်ကလေး ခက်ခဲပါလိမ့်မယ်၊

နောက်တစ်ချက်က နတ်တွေဟာ ယောကျ်ားလေးဆို အသက်(၂၀)၊ မိန်းခလေးဆို အသက်(၁၆)နှစ် အရွယ်တွေသာ ရှိပြီး ဒီထက် ထပ်မအိုမင်းတော့ဘူး လို့ ဆိုပါတယ်၊ အရင်ခေတ်ကလူတွေအတွက်ကတော့ ဒါဟာ အံ့မခန်း ဆန်းကျယ်တဲ့ အကြောင်းအရာတစ်ခုဖြစ်နေမှာပါ၊ ဒါပေမယ့် ဒီဘက်ခေတ်က In Time လို ရုပ်ရှင်မျိုးမှာ ဒါမျိုးတွေ တွေ့နိုင်ပါတယ်၊ လူတွေဟာ မအိုမင်းတော့ပေမယ့် အချိန်တွေကို ဝယ်ယူသုံးစွဲနေရပြီး အချိန်တွေ စျေးအရမ်းကြီးလာပုံကို ဖော်ပြထားပါတယ်။

အထက်နတ်ပြည်များWhere stories live. Discover now