Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ဒီတစ်ပိုင်းမှာတော့ နတ်တွေဘယ်လိုပုံစံရှိလဲဆိုတာ တချက်ကြည့်ရအောင်၊
မြန်မာကျမ်းတွေမှာနတ်တွေရဲ့ Anatomy ကို သေသေချာချာဖွင့်ဆိုထားတာမရှိပါဘူး၊ ဒါ့ကြောင့် အတော်များများက နတ်တွေကို လူတွေသွင်ပြင်လိုပဲ မှတ်ကြပါတယ်၊ ဒါကြောင့်လဲ အရှေ့တိုင်းပန်းချီတွေမှာ
နတ်တွေကို လူလိုပဲ ခေါင်းတစ်လုံး ခြေလက်တစ်စုံစီနဲ့ သရုပ်ဖော်ကြပါတယ်၊
မပြောထားယုံနဲ့ တူတယ်လို့ တန်းမှတ်တာကတော့ သိပ်အဆင်မပြေဘူး ထင်ပါတယ်၊ ဒါမှမဟုတ် အရမ်းရှင်းပြနေရမှာစိုးလို့ လူနဲ့တူတယ် လို့ပဲ မှတ် လို့ဆိုပြီး သမိုင်းတကွေ့မှာ တစ်ယောက်ယောက်က ဖြတ်ခဲ့သလားတော့ မပြောတတ်ပါ၊ တကယ်တမ်းသာ နတ်တွေဟာ Alien Species တွေသာဆိုရင် လူနဲ့ လားလားမှတူမှာ မဟုတ်ပါဘူး၊ သူတို့ဆီက Gravity, Weather, Nature တွေနဲ့ လိုက်လျောညီထွေတဲ့ပုံသာ ဖြစ်နေမှာပါ၊
တချို့တွေယူဆကြသလို နတ်တွေဆိုတာဟာ တချိန်က ကမ္ဘာမှာကျင်လည်ခဲ့တဲ့ ပုံစံတူလူသားတွေပဲဖြစ်ပြီး နည်းပညာအရမ်းမြင့်မားလာလို့ ဒီ Gravitation အဝန်းအဝိုင်းထက် ပိုပြီးသာတဲ့ ဂြိုလ်ကမ္ဘာ ဒါမှမဟုတ်
Space Cities ကြီးတွေကို ပြောင်းရွှေ့သွားတဲ့ သူတွေမို့ လူနဲ့ ပုံစံတူနေတာ ဆိုတဲ့အချက်ကိုလဲ စဥ်းစားနိုင်ပါတယ်၊
ဒီနေရာမှာ အနောက်တိုင်းကျမ်းတွေမှာတော့ နတ် (angels) တွေရဲ့ ပုံပန်းသဏန်ကို ကောင်းကောင်းမှတ်တမ်းတင်ထားတာကို တွေ့ရမှာပါ၊ ဘယ်လိုပုံဖော်ထားသလဲဆိုရင်တော့ ပုံမှာပါတဲ့အတိုင်းပါပဲ၊ မျက်လုံးပေါင်းတထောင်၊ တောင်ပံတွေ တဖျတ်ဖျတ်နဲ့ ကြောက်စရာကြီးတွေပါ၊ တချို့တွေကလဲ အဝိုင်းကြီးတွေမှာ မျက်လုံးပေါင်းသောင်းခြောက်ထောင်နဲ့ပါ
YOU ARE READING
အထက်နတ်ပြည်များ
Fantasyဒီတစ်ခါတော့ မြင်းမိုရ်တောင်ထိပ်ကနေ အထက်ကိုဆက်တက်ကြတာပေါ့၊ ပထမတော့ ပြိတ္တာ အသူရကယ် ငရဲ အကြောင်းတွေ စရေးမလို့ပါ၊ ဒါပေမယ့် ဖတ်ရင်းဖတ်ရင်း ထင်ထားတာထက် အရမ်းရှုပ်ထွေးလို့ နတ်ပြည်ပဲ အရင်တက်ဖို့ ပြောင်းစဉ်းစားရပါတယ်၊ တစ်ထပ်ချင်းစီမတက်မှီ သူတို့အကြောင်း အရင...
