အပိုင်း - ၁

51.5K 868 141
                                        

Uni

သူကြီးက ကျုပ်အပိုင်





" ဟေ့ကောင်တွေ ရပ်လိုက်ကြစမ်း!!! "

ရွာထိပ်ရှိ လက်ပံပင်ကြီးရဲ့အောက်တွင် ရန်ဖြစ်ကာဖုန်တလူးလူးဖြင့် လုံးထွေးလို့နေကြသည့်လူခြောက်ယောက်အား ဩဇာအာဏာပြင်းပြသည့် အေးစက်စက်နှင့်ဒေါသသံဖြင့်တားဆီးလို့နေသော လူရွယ်တစ်ယောက်အပြင် ထိုလူ၏အနောက်တွင်လည်း လူလတ်ပိုင်းလူကြီးသုံးယောက်နှင့် လူငယ်လေးတစ်ယောက်လည်းရှိလို့နေသည်။

‌ဖုန်တလူးလူးထလို့နေသည့်မြေပြင်ထက် လုံးထွေးလျက်ရှိကြသော လူခြောက်ယောက်မှာတော့ ကြားလိုက်ရသည့် အသံကြောင့် ကိုယ်စီကိုယ်ငှခေါင်းထောင်ကြည့်လိုက်ရင်း လူချင်းခွဲကာထရပ်လိုက်ပြီး ဒေါသဖြင့်စူးရဲစွာကြည့်လို့နေသည့် လူရွယ်အား မတိုင်ပင်ပါပဲအကြည့်တို့ပို့လွှတ်လို့နေသည်ဖြစ်ရာ ‌ရန်ဖြစ်လုံးထွေးထားသည်မို့ ဖုန်တို့ပေရေနေလျက် အနည်းငယ်သွေးဆို့လို့ နီရဲကာညိုနေသောဒဏ်ရာတို့လည်းရှိလို့နေပေသည်။

" သော တ သံ စဉ်! "

" ....... "

သူခေါ်လိုက်တော့ မျက်လုံးကိုဘယ်ညာကစားလို့ မသိချင်ယောင်ဆောင်ကာမျက်နှာတစ်ဖက်လွှဲသွားသည့်သူကြောင့် အံကြိတ်လိုက်ရင်း

" မင်း!.....ဟင်းးး...အကုန်နောက်ကလိုက်ခဲ့! "

ပြောဖို့ပြင်လိုက်သော်လည်း ဒေါသထွက်နေ၍ ဘယ်စကားလုံးကမှ ထွက်မလာတော့သည်ကြောင့် မျက်လုံးကိုစုံမှိတ်ချလိုက်ရင်း စိတ်လျော့သလို လေကိုပြင်းပြင်းရှူရှိုက်လိုက်ပြီးသက်ပြင်းချလိုက်ကာ အေးစက်စွာပင်စကားဆိုပြီး ထိုနေရာမှလှည့်ထွက်လာခဲ့လိုက်သည်။

သံစဉ်မှာတော့ ဒေါသထွက်ပြီးစကားဆိုကာလှည့်ထွက်သွားသည့် သူကြီးရဲ့ကျောပြင်လေးအားကြည့်ကာ နှုတ်ခမ်းတွန့်ရုံမျှမသိမသာပြုံးလိုက်ပြီး အနောက်မှ သွက်လက်သည့်ခြေလှမ်းများဖြင့်လိုက်သွားလိုက်သည်။ သူ့နည်းတူ အ‌ခြားသူများမှာလည်း လိုက်လာကြလေသည်ဖြစ်ရာ အနောက်မှ ကောင်တွေအား မကျေမနပ်ဖြင့် မသိမသာမျက်လုံးဆွေကာ တစ်ချက်ကြည့်လိုက်ပြီး ရှေ့သို့သာပြန်လည်ဦးတည်လိုက်သည်။

သူကြီးက ကျုပ်အပိုင် {Short Story} [Completed] Where stories live. Discover now