🖇
" နူနူး.. ငါ တတ်နိုင်သမျှ အမြန်ဆုံး ပြန်လာခဲ့မယ် သိလား "
ဂျယ်ယွန်း ပြောလည်းပြော ဆောနူရှေ့ ခြေစုံလေးရပ်ကာ.. ဆောနူကို သူ့ရင်ခွင်ထဲ ထည့်ပြီး တင်းကြပ်နေအောင် ဖက်ထားလိုက််တော့တယ်။
ဂျယ်ယွန်းမိဘတွေရော.. ဆောနူရဲ့ မိသားစုရော ထိုကလေးနှစ်ယောက်ကို ကြည့်ပြီး သနားမိကြသည်။
ဆောနူကို တောင်းပန်သော မျက်ဝန်းများဖြင့် ကြည့်လာသောကြောင့် ရှင်း' ကို ဆောနူ ခေါင်းငြိမ့်ပြလိုက်တယ်။
သေချာပေါက် သူငိုချင်နေတာမို့ မျက်တောင်တွေသာ ခတ်နေမိတယ်။ ပြီးတော့ ဒါကို လိမ်ဖို့ကြိုးစားနေတဲ့ လူလိမ်လေး ဆောနူက အားယူပြီး ပါးတွေ ညောင်းသွားလောက်တဲ့အထိ ပြန် ပြုံးပြလိုက်တယ်။ထို့နောက် အကြာကြီး မတွေ့ရတော့မှာဖြစ်တဲ့ ..
မျက်နှာအား ကျောခိုင်းထားသောကြောင့် မမြင်ရသော်လည်း ကြည့်ကောင်းလှသော ရှင်း' ရဲ့ ကျောပြင်ကိုသာ အလွမ်းပြေကြည့်ရင်း လေယာဥ်ပေါ် တက်သွားသည့် ရှင်း' ပုံရိပ်ကို ပိုလာရိုက်ခ်တစ်ခုလို သိမ်းဆည်းထားလိုက်တော့သည်။လေဆိပ်က အဲကွန်းမှာ စိမ့်နေသော်လည်း ဆောနူရင်ထဲ ပူလောင်နေဆဲ.. ။
ရှင်း' သွားတဲ့နေ့က အရမ်းဝမ်းနည်းပေမဲ့ ကျွန်တော် မငိုခဲ့ဘူး။
ရှင်း' မရှိတဲ့နောက်ပိုင်း တစ်ခုခုဆို ရင်ဆိုင်မယ်.. ကလေးလို မငိုတော့ပါဘူးလို့ ရှင်း' ကို ကတိပေးထားတယ်.. ။
အချိန်ဆိုတာ ကုန်တာ မြန်တယ်လေ။
ကျွန်တော်နဲ့ ရှင်း' နဲ့က မွေးကတည်းက တစ်ယောက်နဲ့တစ်ယောက် သိလာကြတာ။
အခုဆို (၁၅) နှစ်တောင် ရှိနေပြီ.. ။
(၃) နှစ်လောက် ဝေးတယ်ဆိုတာ ...
တစ်ယောက်နဲ့တစ်ယောက် သိလာကြတဲ့အချိန်ရဲ့ လေးပုံတစ်ပုံတောင် မရှိပါဘူး။ကျွန်တော် ယုံပါတယ်.. ။
ကျွန်တော်နဲ့ ရှင်း' ကြား.. ဘယ်အရာကမှ မပြောင်းလဲနိုင်ဘူး။🖇
ရက်သတ္တပတ်မျှ ကြာပြီးနောက် -
ဆောနူက သူ့ကိုယ်သူပဲ သက်ပြင်းချမိတော့တယ်။
ကုတင်ထက် ဘယ်သူမှမရှိသောကြောင့် မျက်ဝန်းလေးမှာ အခန်းအား ဝေ့ကြည့်၍ တဖြည်းဖြည်း မျက်ရည်ကြည်များ ဝိုင်းလာသည်။

YOU ARE READING
𝑴𝒚 𝑶𝒏𝒍𝒚 𝟏𝟐% (SunJake)
Fanfiction" များသောအားဖြင့် လူတွေက အချစ်ဦးနဲ့ လွဲတတ်ကြတယ်တဲ့ "🍃 Jake and Sunoo have been friends as far as they can remember. While Sunoo is quite introverted and hardly speaks to anyone he isn't used to being around, Jake is highly extroverted and has lots...