Part-8

14.2K 172 35
                                        

ချစ်ရပါသောကလေးငယ်

Part-8

လက်လွန်ကြက်သွန်ဖြစ်သွားတဲ့မဟာကြောင့်ငယ် တစ်ယောက်မေ့မြောခဲ့ရသည်မို့ခေါင်းတွေပူထူသွားသည်။အိပ်ယာထက်ဖြေးညင်းစွာချကာအလုပ်စားပွဲပေါ်ကဖုန်းကိုပြေးဆွဲတော့သည်။

တီး....တီး....တီး....

"လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာဆက်သွယ်၍မရနိုင်ပါရှင်"

"ဟာ!ဒီသေနာ သေနေပြီလား"

မိသားစုဆရာဝန်ဖြစ်တဲ့သူငယ်ချင်းဖြစ်သူစိုင်းမြင့်မိုးအောင် ဆီဖုန်းခေါ်ပေမဲ့မရတာကြောင့်ဆဲရေးဆိုမိသည်။

တီး....တီး....တီး...

နောက်တစ်ကြိမ်ဆက်ပေမဲ့မရပေ။၅ခါမြောက်မှာတော့တစ်ဖက်ကအိပ်ချင်မူးတူးသံနဲ့ဖြေလာလေသည်။

"ဟယ်လို ပြောမဟာ"

"ခုအိမ်ကိုလာခဲ့ခုနော် "

"ဟ!ဒီချိန်ကြီးလူအိပ်ချိန်နော်မနက် ၃နာရီပဲရှိသေးတယ်"

"လျှာရှည်လိုက်တာကွာ လာမှာလာစမ်းပါ"

"အေးပါကွာ ဟောက်မယ်ဆိုတာကြီးပဲ"

ဆယ်မိနစ်လောက်ကြသူငယ်ချင်းဖြစ်သူကဆေးအိတ်ကြီးကိုင်ကာအခန်းထဲဝင်ချလာသည်။အိပ်ယာထဲလဲနေတဲ့ချာတိတ်ကိုတစ်လှည့်ကြည့်သူ့ကိုတစ်လှည့်ကြည့်ပြီးသကောင့်သားမျက်နှာကြီးကပြုံးဖြီးသွားသည်။

"မင်းမျက်နှာကဘာဖြစ်တာလဲ ဒီမှာချာတိတ်ကိုတစ်ချက်ကြည့်ပေးပါအုန်းကွာသတိလစ်သွားလို့"

မိုးအောင်လည်းကလေးမလေးကိုတစ်ချက်ကြည့်ကာဆေးအိတ်ဖွင့်လိုက်ပြီးအားဆေးတွေကိုထုတ်လိုက်သည်။ထို့နောက်ချွေးဒီးဒီးစီးကျနေတဲ့သူငယ်ချင်းဖြစ်သူကိုပြုံးစစဖြင့်ကြည့်ကာ

"ဘာမှမဟုတ်ပါဘူးကလေးမလေးကအားပြတ်သွားတာ"

"ဘာ!အားပြတ်သွားတာ"

"အေးလေ ပင်ပန်းနွမ်းနယ်လွန်းလို့အားပြတ်သွားတာ မင်းမလည်းမိုးလင်းခါနီးတောင်ချွေးတစ်ဒီးဒီးနဲ့ အဟင်း ကလေးမလေးမသေယုံတစ်မယ်"

"မင်း!

"ဖြည်းဖြည်းလုပ်ပါကိုယ့်လူရ ကလေးမလေးသနားပါတယ်"

~ချစ်ရပါသောကလေးငယ်~Where stories live. Discover now