2

3.4K 220 0
                                        

"fourth မင်းဘယ်လိုလုပ်လိုက်တာလဲ"

"ငါကမင်းအတွက် ကူပြောပေးလိုက်တာလေ"

"အေးကျေးဇူးပါ ဒါပေမဲ့ သူ့ဖိနပ်တန်ဖိုးက ငါလျော်နိုင်မယ်မထင်ဘူးဟ"

သူပြောလိုက်တော့fourth မျက်နှာ မဲ့သွားတော့သည်။အစတုန်းက ဖိနပ်ဈေးနှုန်းကို ပုံမှန်ထက်အနည်းငယ်သာ မှန်းထားခဲ့ကြတာ။Gemini ဖိနပ်ကို ရှာကြည့်လိုက်ရော သူတို့ထင်ထားတာထက် အဆပေါင်းများစွာ ကွာဟနေသည်။ သူတို့မုန့်ဖိုးတစ်လစာ မစားဘဲနေရင်တောင် ရလောက်မယ်မထင်။Aungpao ပြောသည်ကို သူတို့လက်ခံရတော့မယ်ထင်သည်။

"ငါပြန်တောင်းပန်လိုက်ရင်ရော"

"ဘာ! ငါမင်းအတွက် အနစ်နာခံပြီး ‌ပြောခဲ့ပေးတာကို မင်းက ဒီတိုင်းထားလိုက်တော့မယ်ပေါ့"

"အဲ့လိုမဟုတ်ဘူးလေကွာ"

Fourth နဲ့ Chokun  ကစကားများနေကြသည်ကို Pahn ကြည့်ရင်း ခေါင်းကိုက်လာသဖြင့် နှစ်ယောက်လုံးက မျက်နှာချင်းဆိုင်စကားပြောနေသောကြောင့် ခေါင်းနှစ်ခုလုံးကို ကိုင်ကာ နဖူးချင်း တိုက်ပေးလိုက်သည်။

"နင်တို့ အဲ့လိုစကားပြောနေမဲ့အစား နည်းလမ်းစဉ်းစားပါလား"

"အဲ့ဒါ နင့်ကောင်ကြောင့်လေ"

"ဘာလဲ ငါ့အစ်ကိုက မမှားဘူး နင်အရင်၀င်တိုက်တာကို "

"ဟုတ်ပါတယ်အမတော်ရယ်"

"တော်ပြီ နင်တို့စုထားတာဘယ်လောက်ရှိလဲ"

သူတို့နှစ်ယောက်ပြောနေတုန်းက ၀င်မပြောခဲ့ပေမဲ့ ခုတော့ တကယ်နည်းလမ်းက သူ့ကိုထိပ်လန့်သွားတော့သည်။သူစုထားတဲ့ မုန့်ဖိုးတွေက ဟိုတစ်နေ့က ဆိုင်ကယ်ဝယ်လိုက်မိပြီပင်။

"တကယ် ပေးရမှာလား"

"အေးပေါ့ နင်ဘယ်လောက်ရှိလဲ"

"ဆောရီးပါ ငါဟိုတစ်နေ့က ဆိုင်ကယ်ဝယ်လိုက်မိပြီ"

Fourth လက်အုပ်လေးချီကာ မျက်နှာငယ်လေးဖြင့် ပြောပြလေသည်။

"ဟာ နင်ကတော့... Chokun နင်ရော"

"ငါ့မှာလဲ အဲ့လောက်အများကြီးမရှိဘူးဟ"

My Boyfriend is football player Where stories live. Discover now