ချစ်ရပါသောကလေးငယ်
Part-7
...တူနှစ်ဖြာရွှေဂဟေဆက်ဖို့....
...သွေမပျက်တဲ့မေတ္တာ ရေစက်ရဲ့ရှေးအလာ...
...မနှေးအခါခါ ချင့်တွေး....
...ဖြစ်ရေးခု သမုဒယနွယ်လာ....
...သြော် ဖြစ်ရေးခု သမုဒယနွယ်လာ....
...အခုဘဝတစ်ကယ် ဘယ်မမုန်းတော့လေး....လေး.....လေး....
...ရှေးရေစက် အကြောင်းဖက်ဖန်လာ....
...ရွှေပဒေသာငွေပဒေသာ ဝေဝေဆာဆာစွေရွာဖြိုး....
...ရတနာမိုးသွန်းတဲ့ရက်မြတ်မင်္ဂလာအခါ....
...ဇေယျတု သဗ္ဗမင်္ဂလာ....
...အောင်စေအတိတ်နှင့်ကြွေးကြော်ညံစာ....
...သပြေနုမှာငွေခရုပါ....
...မသွေ ယခုပြုကြတဲ့မင်္ဂလာအခါ....
...အောင်စေကြောင်းဆုတောင်းသွန်းပတ္တနာ....
မင်္ဂလာခန်းမထဲကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံစွာ။မင်္ဂလာသီချင်းသံဟာလည်းဝေဝေဆာဆာနဲ့ထွက်ပေါ်နေသည်။အဖြူရောင်တိုက်ပုံနဲ့မင်္ဂလာခေါင်းပေါင်းကိုတွဲဖက်ဝတ်ဆင်ထားကာဒီဂရီမျက်မှန်အောက်ကအကြည့်တွေကစူးရှနေသည်။သူ့ရဲ့ဘေးမှာတော့သူ့လက်ကိုဖက်တွယ်ထားကာသူ့ရင်ဘတ်သာသာရှိတဲ့ချာတိတ်ကိုတွေ့ရသည်။
နဂိုထဲကအသားဖြူလွန်းတဲ့သူမကအဖြူရောင်ထိုင်မသိမ်းနဲ့ကျက်သရေရှိစွာလှပတင့်တယ်နေသည်။ဆံထုံးမို့မို့လေးထက် တော်ဝင်ပန်းမြင့်မြတ်သည့်ပန်း ဖြစ်တဲ့သဇင်ပန်းကိုဝေဆာနေအောင်ပန်ထားပြီးလက်ထဲမှာလည်းသဇင်ပန်းစည်းကိုကိုင်ထားသည်။
ချောကလက်နှင့်နိုခဲလိုဖြစ်နေသည့်သူတို့နှစ်ယောက်။မဟာ ကိုချိတ်ထားတဲ့သူမလက်လေးတွေကအနည်းငယ်အေးစက်နေသည်ကိုသတိထားမိသည်။
မောင်ထွဋ်မြတ်မဟာထင်
နှင့်
မမဏိကြည်ဖြူငယ်(ခ)ဝမ်လင်ရွှီး
တို့၏စုလျားရစ်ပတ်လက်ထပ်ထိမ်းမြှားခြင်းမင်္ဂလာ။
ဆိုတဲ့ရွှေရောင်စာတန်းကြီးတွေကခန်းမကြီးရဲ့အရှေ့ဘက် ခန်းမအဝင်အစရှိသည့်နေရာတို့မှာထင်းစွာရှိနေသည်။ရောက်လာတဲ့သူတွေကလည်းအသိုင်းဝိုင်းကြီးတွေထဲကလည်းတစ်ဖြစ်စီးပွားရေးသမား၊အနုပညာသမား၊အရာရှိတွေကအစတက်ရောက်လာကြသည်။

YOU ARE READING
~ချစ်ရပါသောကလေးငယ်~
Romance"ဦးထင်က ငယ့်ကိုမချစ်ပါဘူး၊ငယ်ကသာချစ်ရတာ..." "အထင်တွေလွဲနေပြီဘေဘီကိုယ်မင်းကိုသိပ်ချစ်တာ ..." (Warning)ပါဝင်တာမို့ကြိုက်မှဖတ်ပါ။ စိတ်ကူးယဥ်ဇာတ်လမ်းတစ်ပုဒ်သာဖြစ်ပါသည်။ Uni/Zawgyi Start Date - 31/7/2024 End Date - 1/10/2024