မုန်တိုင်းတွေပြီးရင် လေပြေလာတယ်ဆိုသလိုပဲ မဟာအိမ်တော်ကြီးဟာ မုန်တိုင်းထန်သကဲ့သို့ဒုက္ခပေါင်းများစွာ၊ စိတ်ဆင်းရဲစရာကိစ္စရပ်ပေါင်းများစွာနဲ့ နှစ်ရှည်လများတွေ့ကြုံခဲ့ရပြီးချိန်မှာတော့ ထိုပူပန်မှုတွေအားလုံးကနေ ကင်းဝေးကာ အေးချမ်းပျော်ရွှင်စရာကောင်းတဲ့ အိမ်တော်အဖြစ် နေ့စဉ်၊နေ့တိုင်း ဖြတ်သန်းနေနိုင်ပြီပဲဖြစ်တယ်.....
ဒါပေမယ့် ခုထိမအေးချမ်းနိုင်သေးတာကတော့.........
"ထွက်သွား!!!!"
"သခင်ကြီး ကျွန်တော်လေ...."
"အောင်မယ်.....မိုက်ကယ်က ကလေးသာသာအရွယ်ပဲရှိသေးတာကွ။ မင်းကဘယ်ကရောက်လာတဲ့ကောင်မှန်းမသိပဲ မင်းကိုယ်မင်းများမိုက်ကယ်တဲ့! ဟိုကောင်တွေ! ဟိုကောင်တွေက ဘယ်ရောက်ကုန်လို့ မင်းကိုပေးဝင်တာလဲ! ဟိုကောင်တွေ!!!!! အဟွတ်! အဟွတ်!....."
"သခင်ကြီးရယ်....ဆေးသောက်ပါဗျာ။ ပြီးတော့ အော်မနေနဲ့။ အဲ့လိုအော်နေတော့ ချောင်းကဆိုးပြီပေါ့။ နောက်ဆို လည်ချောင်းတွေပါ နာကုန်မယ်။ လူကဖြင့် အိုနေပြီ...."
"ဘာပြောလိုက်တာ! မင်းလို လက်တောက်လောက်ကောင်ကများ....မိုက်ကယ်ရော...မိုက်ကယ်လာမှ သောက်မယ်။ သူ့ကို လွှတ်လိုက်....."
မိုက်ကယ် ခေါင်းမာလွန်းနေတဲ့ သခင်ကြီးကြောင့်ဘာဆက်ပြောရမှန်းတောင်မသိတော့ဘူး။ တစ်ခါတစ်လေကြရင် သခင်ကြီးက ကလေးလိုဂျီတိုက်လွန်းတော့ ရီရပေမယ့် တစ်ခါတစ်လေကြရင်လည်း သူ့ကိုခနခနမေ့တော့ ဝမ်းနည်းမိတယ်။ အနည်းဆုံးတော့ မှတ်ဉာဏ်တော်တော်များများ မေ့သွားပေမယ့် သူ့တည်ရှိမှုလေးကိုမမေ့သေးတာကိုပဲ ကျေးဇူးတင်လှပါပြီ......
"သခင်ကြီး.....မိုက်ကယ်က ကျွန်တော့်ကို ဒီဆေးပေးခဲ့တာ။ သူက သခင်ကြီးကိုစိတ်ကောက်နေတာတဲ့။ သခင်ကြီးဒီဆေးသောက်မှ လာမှာတဲ့...."
"ခနနေပါဦး။ မိုက်ကယ်က ငါ့ကိုဘယ်တော့မှ စိတ်မကောက်တက်ပါဘူး။ မင်း! မင်းသူ့ကို တစ်ခုခုလုပ်လိုက်တာတော့မဟုတ်ဘူးမလား! မင်းလိုကောင်ကများ သူ့ကိုထိရဲတယ်ပေါ့လေ....."
YOU ARE READING
Love Curse ( အချစ်ကျိန်စာ ) Season 3
Fantasyရှိန်းသုတမဟာဆိုတဲ့ လူသားကောင်လေးရဲ့မျက်ရည်တွေက အဂ္ဂိဆိုတဲ့ငါ့တစ်ယောက်ထဲရဲ့အပိုင်........