Part -(36)U

717 34 8
                                    

မဟာက ကုတင်ပေါ်သို့ သွားကာ ခြေထောက်ကို အောက်ချပြီး ထိုင်နေလိုက်သည်။

"လာထိုင်လေ သူရိန်..."

မဟာက သူရိန်ကို လာထိုင်ဖို့ ခေါ်လိုက်ပေမယ့် သူရိန်ကတော့မဟာရဲ့ ခြေထောက်နားသို့ ရောက်အေင် ဒူးကိုကွေးညွတ်လိုက်ပြီး သူရိန်ရဲ့ လက်နှစ်ဖက်က မဟာရဲ့ခြေဖဝါးတစ်ဖက်ကို ကိုင်လာလေသည်။ သူရိန်က ဘာလုပ်မည်ဆိုတာကို သိသွားကာ သူရိန်ရဲ့ လက်နှစ်ဖက် အတွင်းမှာ ရှိနေတဲ့ သူ့ရဲ့ ခြေထောက်များကို ရုန်းထွက်လိုက်သည်။

" သူရိန်...ငါခြေထောက်ကို လွှတ်ဦး...ရွံစရာကြီး ကွ.. မင်းငရဲကြီးကုန်ဦးမယ်..."

မဟာ ရုန်း‌ေန‌ေပေမယ့်လည်း သူရိန်တော့ သူ့ရဲ့ ခြေထောက်ကို ကိုင်ထားမြဲ...မဟာထင်ထားသလိုပင်..သူရိန်က သူ့ရဲ့ခြေဖဝါးကို ဆုပ်နယ်ပေးနေပြန်သည်။ မဟာတော့ အားနာနေပေမယ့် သူရိန်ကတော့ သူ့ကို ဒီလို မျိးတွေလုပ်ပေးနေရတာကို ကျေနပ်နေသည့်ပုံ...။

"မင်းရဲ့ခြေထောက်တွေလေ အမြဲတမ်အေးစက်နေတာဘဲ..မဟုတ်ရင်ရေခဲတိုက်ထဲကနေ ထွက်လာတဲ့ အတိုင်း..."

သူရိန်က ကလေးတစ်ယောက်ကိုဆုံးမနေသလိုမျိုးသူ့ကို ပြောလာသည်။ မဟာကလည်း အနည်းငယ်ပြုံးလိုက်ပြီး..

"အေးတော့ ဘာဖြစ်လဲကောင်းတာပေါ့..." မဟာက ရယ်သွေးသန်းလျှက်ပြောလိုက်သည်။

"ခြေဖဝါးအေးတာ မကောင်းဘူး မဟာ.. အခန့်မသင့်ရင်လေဖြတ်တတ်တယ်..."

"ဟုတ်ပါပြီကွာ.."

မဟာတော့ သူ့ကို မနိုင်ဘူးဆိုသည့် သဘောဖြင့် ထပ်မပြောလာတော့ပေ။

"ငါ့ကို ဆရာက ဘာလို့ခေါ်သွားတာလဲဆိုတာကို မမေးတော့ဘူးလား..."

"မင်း မပြောချင်တဲ့ အရာတွေဆိုရင် ငါက အတင်းမ‌ေမးဘူး..."

မဟာရဲ့ အမေးကို သူရိန်က ခြေထောက်ကို နှိပ်ပေးနေရာကနေ မရပ်ဘဲ ပြောလာခဲ့သည်။

"ရပါပြီကွာ...မင်းက ညတိုင်းငါခြေထောက်ကို နှိပ်ပေးနေတာ ကြာလာရင် ငါက အကျင့်ပါတော့မယ်.."

မဟာက ရယ်ကျဲကျဲနဲ့ပြောလိုက်တော့ သူရိန်က ခပ်ဖွဖွ ရယ်လာကာ

ချစ်ခြင်း သစ္စာ Where stories live. Discover now