"အားလုံးကို ကြေညာမှာက အခု ရွှေဂိုဏ်းနဲ့ မဟာဂိုဏ်း နှစ်ဂိုဏ်းလုံးရဲ့ ဆက်ခံသူရဲ့ ဘယ်လက်ရုန်းနဲ့ ညာလက်ရုံးဖြစ်မယ့် နှစ်ယောက်ဘဲ ..။ "
ဆရာက အားလုံးကို တစ်ချက်ကြည့်ပြီးတော့ ထပ်ပြောလေသည်။
" ဘယ်လက်ရုံးက အာကာထွန်း..ညာလက်ရုံးက သူရိန်မောင်မောင်..."
နာမည်ကြေညာပြီးတဲ့ အခါမှာ မဟာ သူ့ဘေးနားမှာ ရပ်နေတဲ့ သူရိန်နဲ့ အာကာဆီကို အကြည့်ရောက်သွားသည်။ နှစ်ယောက် စလုံးက တူရှူကြည့်နေရာကနေ မဟာ့ဘက်ကို အကြည့်ရောက်လာခဲ့သည်။ အာကာနဲ့ သူရိန်တို့ နှစ်ယောက်စလုံးက မဟာ့ကိုပြုံးပြလာကြသည်။
သူတို့ ပြုံးပြနေသည့်ပုံစံက မဟာ့ဆီကနေ အချီးကျူးခံရဖို့ စောင့်မျှော်နေသည့် ပုံစံဖြစ်နေသည်။ မဟာကတော့ သူရိန်တို့ နှစ်ယောက်ဘက်သို့ တစ်လှည့်စီ ပြုံးပြလိုက်လေသည်။သူရိန်နဲ့ အာကာနှစ်ယောက်စလုံးက သူစိတ်ချရတဲ့သူတွေချည်းဘဲဖြစ်ကာ သူ့ကိုလည်း ကာကွယ်ပေးမယ့် လူတွေဆိုတာလည်း သူယုံကြည်နေပြီသားပင်။
"ကျန်တဲ့လူတွေရဲ့ နာမည်တွေကို စာရင်းထဲထည့်ပြီး ရာထူးနဲ့တာဝန်ထမ်းဆောင်ရမယ့် ဂိုဏ်းနေရာတွေကို ညကျရင် ပို့ပေးလိုက်မယ်...."
ဆရာကပြောပြီးတဲ့ အခါမှာတော့ အားလုံးက ကိုယ်နေရာဆီသို့ ကိုယ်စီကိုယ်စီပြန်သွားကြသည်။ မဟာတို့ သုံးယောက် တူတူ အခန်းထဲသို့ ဝင်လာခဲ့ကြသည်။ အခန်းထဲကို ရောက်တော့ မဟာက နှစ်ယောက်စလုံးရဲ့ လည်တိုင်ကို လှမ်းဖက်လိုက်ကာ
"မင်းတို့နှစ်ယောက် အတွက် ငါပျော်တယ်ကွာ..."
မဟာက ဆက်လက်ဖက်တွယ်ထားဆဲပင် ။ သူရိန်က အရင်ဆုံး မဟာရဲ့ ခါးထက်သို့ ပြန်ပြီး ဖက်တွယ်လာသည်။ အာကာကလည်း ထိုနည်းတူပင်။
"မဟုတ်ရင် မင်းက ညာလက်ရုန်းတွေဘာတွေ က ငါတို့ မဟုတ်ဘဲ ဖြစ်သွားသလို ဘဲ ပျော်နေလိုက်တာများ ..."
အာကာက နှာခေါင်းရှုတ်ကာ ရွှတ်ရွှတ်နောက်နောက်နဲ့ မဟ့ာကို စနေလိုက်သည်။
သူရိန် ကတော့ ဘာမှ မပြောဘဲ ပြုံးရုံတင်ပြုံးလာလေသည်။ မကြာပါ သူတို့အခန်းတံခါး ကို လာခေါက်တဲ့ အသံကို ကြားတော့ မဟာ ထွက်ကြည့်လိုက်သည် ။ တံခါးအရှေ့မှာ သူတို့ ရဲ့ ဆရာက ရောက်နေပြီး လက်ထဲတွင်လည်း စာအုပ်တစ်အုပ်ကိုကိုင်ထားလေသည်။
YOU ARE READING
ချစ်ခြင်း သစ္စာ