Part-6

15.9K 235 16
                                        

ချစ်ရပါသောကလေးငယ်

Part-6

မနက်နေမြင့်ချိန် မဟာတစ်ယောက်နိုးလာသည်။အိပ်ယာကနိုးနိုးချင်းခေါင်းကဆစ်ကနဲကိုက်သွားသည်မို့ကျစ်တစ်ချက်သပ်မိသည်။

"ကျစ်!

ညကအဖြစ်ကိုပြန်တွေးမိသည့်အခါချက်ချင်းဘေးကိုကြည့်တော့သူ့ကိုခွကာနှစ်ခြိုက်စွာအိပ်ပျော်နေတဲ့ချာတိတ်ကိုတွေ့လိုက်ရသည်။အသားဖွေးဖွေးလေးသူမကမဟာလိုအသားညိုတဲ့လူကိုဖက်ထားတာ နွားချေးပေါ်နို့ခဲတင်ထားသလိုဖြစ်နေသည်။

အပြစ်ကင်းစင်ကာလှပလွန်းတဲ့မျက်နှာနုနုလေးကြောင့်မဟာပြုံးမိသည်။ပါးလေးနှစ်ဖက်ကအသားဖွေးလွန်းလို့ရဲနေကာချယ်ရီပန်းလေးလိုဖြစ်နေသည်။နှုတ်ခမ်းလေးကလည်းစူထော်နေသယောင်ရဲရဲလေး။

"ဟိတ် ချာတိတ်!

"ဟိတ်!

မဟာနဖူးပေါ်ကဆံပင်လေးတွေကိုသပ်တင်ပေးရင်းနှိုးလိုက်သည်။နေကလည်းအတော်မြင့်နေပြီဖြစ်သည်။

ငယ် နားထဲခေါ်သံသဲ့သဲ့ကြောင့်မျက်ခုံးလေးနှစ်ခုထိလုမတတ်မျက်မှောင်ကြုတ်လိုက်သည်။ခဏကြာမှမျက်လုံးလေးဖွင့်ကြည့်တော့သူမကိုကြည့်နေတဲ့ဦးထင်ကိုတွေ့လိုက်ရသည်။

"ဟင် ဦးထင်"

"အွန်း ကိုယ်ပဲထတော့လေနေမြင့်နေပြီ"

ငယ် အတွေးထဲညကပုံရိပ်တစ်ချို့ဝင်ရောက်လာသည့်အခါသူမကိုကြည့်နေတဲ့ဦးထင်ကိုပြန်ကြည့်လိုက်မိသည်။ချက်ချင်းဆိုသလိုမျက်နှာလေးရဲတက်ကာရင်ဘတ်ထိခြုံထားတဲ့ဂွမ်းစောင်ကြီးကိုယူကာခေါင်းမြှီးခြုံထားလိုက်သည်။

သူ့ကိုကြည့်ပြီးအရှက်ပိုသွားတဲ့ချာတိတ်ကြောင့်မဟာနှုတ်ခမ်းလေးကိုက်ကာပြုံးမိသည်။

"ချာတိတ် ထတော့"

"ဟင့်အင်း ဦးထင်ကိုမကြည့်ရဲဘူး ညကညက..."

"အင်း ကိုယ်သိတယ်ကိုယ်တာဝန်ယူမှာလို့ပြောပြီးသားပဲကိုယ့်စကားကိုယ်တည်မှာ"

"ဟင့်အင်း ဦးထင်ရှိနေတယ် ငယ်ရှက်တယ်"

ဒေါက်....ဒေါက်.....ဒေါက်....

~ချစ်ရပါသောကလေးငယ်~Where stories live. Discover now