ရင်ဘက်ထဲကို ထုတ်ချင်းဖောက်ကာစိုက်ဝင်လာတဲ့ ချစ်ရသူလက်ထဲက ဓားတစ်ချောင်းကြောင့် သူ့ပတ်ဝန်းကျင်တစ်ခုလုံးက အမှောင်အတိကျသွားခဲ့တယ်.......
မှောင်မဲနေတဲ့ ပတ်ဝန်းကျင်ထဲမှာ ပေါ်လာတဲ့ အနီရောင်အလင်းတန်း.......
"သားတော်......."
သူ့အရှေ့တည့်တည့်က ထွက်ပေါ်လာတဲ့အသံ.....
သူ့မျက်လုံးတွေနဲ့ ခပ်ဆင်ဆင်အနီရောင်မျက်လုံးတွေက အမှောင်ထုထဲမှာ တောက်ပနေတယ်.....
သူဘယ်လောက်ပဲ အသံလာရာကို ပြေးသွားပါစေ။ ထိုမျက်လုံးတွေက ပိုပိုဝေးသထက်ဝေးသွားခဲ့တယ်....
"သားတော်....သင်ဟာ ကျွန်ုပ်ရဲ့ ရာနဲ့ချီတဲ့သားတော်တွေထဲက တစ်ပါးဖြစ်ပြီး သက်ရှိတစ်ဦးလို ခန္ဓာပိုင်ဆိုင်ထားတဲ့ တစ်ဦးတည်းသော သူလည်းဖြစ်တယ်။ ကျွန်ုပ်သင်တို့ ညီအကိုနှစ်ဦးကို သင်တို့တစ်သက်လုံးပစ်ထားခဲ့တယ်။ ဒါပေမယ့် ကျွန်ုပ်သင်တို့ကို အသက်ဆုံးရှုံးတဲ့ထိတော့ မလွှတ်ထားပါဘူး။ သင့်ကို ဒုတိယအကြိမ် ပြန်လည်ရှင်သန်ခွင့် ပေးမယ်။ ဒါဟာ ဖခင်တစ်ယောက်အနေနဲ့ ပထမဆုံးသင့်အပေါ် တာဝန်ကျေခဲ့တာလို့ သတ်မှတ်တယ်။ ဒါက ကျွန်ုပ်တို့ရဲ့ပထမဆုံးတွေ့ဆုံခြင်းဖြစ်သလို နောက်ဆုံးတွေ့ဆုံခြင်းလည်းဖြစ်တယ်။ နှုတ်ဆက်ပါတယ် သားတော်။ ကျွန်ုပ်က နေရာတိုင်းမှာရှိနေတယ်......."
"ခမည်းတော်......"
စကားဆုံးတာနဲ့ ချက်ချင်းအမှောင်ထုပြန်လည်ဖုံးအုပ်သွားတဲ့ ပတ်ဝန်းကျင်။ သူခမည်းတော်လို့ ရေရွတ်ပေမယ့် ပထမဆုံးအကြိမ်ကလွဲ နောက်အကြိမ်တွေမှာ နှုတ်ကနေ ဘာသံမှထပ်ထွက်မလာတော့ဘူး.......
ခနအကြာမှာ သူ့ခန္ဓာကိုယ်တစ်ခုလုံးက ထူးခြားတဲ့ခံစားချက်တွေကို ခံစားလာရတယ်။ တစ်ခုခုကို သူ့ခန္ဓာကိုယ်က ဆွဲငင်နေတာမျိုး။ နာကျင်တယ်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးက ကျုံ့ဝင်သွားသလိုခံစားချက်......
နောက်ဆုံးမှာ သူ့မျက်လုံးတွေ ပြန်ဖွင့်လာနိုင်ခဲ့ပြီ။ သူပထမဆုံး မြင်ရတာက သူ့ရဲ့သက်ရှိနှလုံးသားလေးရဲ့ မျက်ရည်တွေနဲ့မျက်နှာလေး.......
YOU ARE READING
Love Curse ( အချစ်ကျိန်စာ ) Season 3
Fantasyရှိန်းသုတမဟာဆိုတဲ့ လူသားကောင်လေးရဲ့မျက်ရည်တွေက အဂ္ဂိဆိုတဲ့ငါ့တစ်ယောက်ထဲရဲ့အပိုင်........