"တောက်!"
"အဲကောင်က ဘာလို့ မသေသွားတာလဲ ....."
သီဟ စိတ်တိုတိုနဲ့ ဘေးနားမှာရှိတဲ့ စားပွဲပေါ်က ပစ္စည်းတွေကို အောက်သို့ အကုန်လုံး ရိုက်ခွဲကာ သောင်းကျန်းနေသည်။ မဟာက ရွှေမဟာဂိုဏ်းမှာ ဆက်ခံသူအဖြစ် ရုပ်ဖျက်ပြီးလေ့ကျင့်နေတယ်ဆိုပြီး သတင်းကြားထားတဲ့ အတွက် သူလျှိုလွှတ်ပြီး သတ်ဖို့ လုပ်ခိုင်းထားရတာဖြစ်သည်။
အခုတော့ သူ့ရဲ့ လူကိုပါသတ်လိုက်ပြီး သူ့ကို တိုက်ရိုက်စိန်ခေါ်လာသည်။ မြတ်မဟာတို့ကတော့ အစွယ်တွေ ထုတ်ပြတော့မှာလား .
"ဟားဟားဟား"
သီဟ ခြောက်ကပ်ကပ်ရယ်လိုက်မိသည်။ သီဟ သူ့ရဲ့ အခန်းရှေ့မှာ တစ်စုံတစ်ယောက်က ရပ်ကြည့်နေတယ်လို့ ခံစားမိနေတာကြောင့် တံခါးရှိရာဆီသို့ ကြည့်လိုက်မိတော့ ချစ်ရတယ့်သူလေးရဲ့ မျက်နှာကို တွေ့လိုက်ရသည်။
မင်းခန့် အပေါ်ထပ်မှာဆူညံသံတွေကြာားနေရသည့်အတွက် အပေါ်ထပ်ကို တက်လာခဲ့သည့် အချိန်မှာ ဆူညံသံတွေ ထွက်လာသည့် အခန်းက ကောင်လေးရဲ့ အခန်းဖြစ်နေသည်။ မင်းခန့် ကောင်လေးရဲ အခန်းတံခါးကို ဖွင့်ကာ ကြည့်လိုက်တော့ အခန်းထဲမှာ ပစ္စည်းတွေက ပျံ့ကြဲနေကာ ရှုပ်ပွနေတော့သည်။ မင်းခန့် အထဲကို ဝင်လာမယ်လုပ်တော့ ကောင်လေးက သူ့ကို တားလာလေသည်။
" အနားမလာနဲ့...ပစ္စည်းတွေက ရှုပ်ပွနေတာ ... ဖန်ကွဲစတွေနင်းမိမယ်..."
သီဟက ပြောလိုက်ပေမယ့်လည်း မင်းခန့်ကတော့ ဂရုမစိုက်စွာ အရှေ့သို့သာ တိုးလာပြီး အောက်က ပျံ့ကြဲနေတဲ့ ပစ္စည်းများကို ကောက်ယူကာ သိမ်းနေသည်။ သီဟ စုပ်တစ်ချက် သတ်လိုက်ပြီး မင်းခန့် အနားသို့ သွားလိုက်ကာ မင်းခန့်ရဲ့ လက်များကို ကိုင်လိုက်သည်။ မင်းခန့်က သီဟ ကိုင်ထားတဲ့ လက်များကို ဖယ်ထုတ်လိုက်ပြီး သိမ်းစရာရှိတာကို သာ ဆက်သိမ်းနေလိုက်သည်။
သူ့ကို ထိခိုက်မှာစိုးလို့ မသိမ်းခိုင်းတာကို ဘာလို့ သိမ်းနေရာတာလဲ လို့.... ။ သီဟ စိတ်မရှည်စွာနဲ့ အောက်ငုံ့ကာ ပစ္စည်းများကို ကောက်သိမ်းနေတဲ့ မင်းခန့်ရဲ့ မေးရိုးကို ဖျစ်ညစ်ကာအပေါ်သို့ဆွဲမော့လိုက်ပြီး သူ့ရဲ့ မျက်နှာနဲ့ မျက်နှာချင်းဆိုင်ဖြစ်အောင် လုပ်လိုက်လေသည်။
YOU ARE READING
ချစ်ခြင်း သစ္စာ