ဒေါက်! ဒေါက်! ဒေါက်!
"သခင်ကြီး!!! သခင်ကြီး!!! အိမ်ရှေ့မှာ သတင်းထောက်တွေအများကြီးရောက်နေတယ်...."
ကျွီ.....
"ဘာဖြစ်တာလဲ code 1....ခုမှ မနက်သုံးနာရီပဲရှိသေးတယ်လေ...."
ဦးသူရိန် အခန်းတံခါးကို အသည်းအသန်ခေါက်ကာ အတင်းလာနှိုးနေတဲ့ code 1 ကြောင့် လန့်တောင်လန့်တယ်.....
"ဦး ဘာဖြစ်တာလဲ။ အကို code 1ဘာဖြစ်လို့လဲ...."
"အိမ်ရှေ့ကို အမြန်ကြည့်လိုက်ပါ။ ကင်မရာအစုံနဲ့ လူတွေအပြည့်ပဲ....."
"ဘာ...."
"ဘယ်လို...."
ဦးသူရိန်နဲ့ သုတတို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာကြောင်နေကြပြီး ချက်ချင်းပဲသတိဝင်တာနဲ့ အခန်းပြတင်းပေါက်လိုက်ကာကို အသာဟကာ ခြံပြင်ကို အမြန်ကြည့်လိုက်တယ်။ သူတို့နှစ်ယောက်လုံး မြင်နေရတာတွေကို မယုံနိုင်ဘူး။ သူတို့အိမ်တော်က သတင်းထောက်တွေအတွက် သတင်းထူးမဖြစ်တော့တာပဲ တစ်နှစ်နီးပါးလောက်ရှိနေပြီဟာ။ ခုလည်း ဘာသတင်းထူးမှမရှိပဲ ဘယ်လိုလုပ်.....
"ကို code 1 အခြေအနေ သွားမေးကြည့်ပါ့လား...."
"ဟုတ်ကဲ့....."
Code 1 ချက်ချင်းပဲ ခြံထဲဆင်းသွားဖို့ ပြင်လိုက်တယ်။ သခင်ကြီးတို့ဆီက အမိန့်မရသေးလို့သာ သူသွားမမေးရသေးတာ။ သူကိုယ်တိုင်လည်း ဘာကြောင့်လည်းဆိုတာ သိချင်မိသား.....
"သုတ ကလေးတွေအကုန် လိုက်နှိုးလိုက်...."
"ဟုတ်ကဲ့ ဦး....."
ဦးသူရိန် ပြတင်းပေါက်က သတင်းထောက်တွေကိုကြည့်ကာ စိုးရိမ်မိတယ်။ ပေါက်ကရပြဿနာတွေတော့ မလာလောက်ဘူးမလား။ အရာအားလုံး အဆင်ပြေပါစေလို့သာ ဆုတောင်းရမှာပေါ့......
-
-
-
"ဟယ် တစ်ယောက်ထွက်လာပြီ။ အဲ့တာ မဟာအိမ်တော်ရဲ့ လူယုံမလား....အကိုရေ!!! အကို!!!""ဦးလေးကြီး!!! ဦးလေးကြီး!!!!"
"ဟေး!!! ခြံတံခါးကို မတွန်းနဲ့လေ....."
သူ့ကိုမြင်တာနဲ့ ခြံတံခါးကိုကျော်မတက်ရုံတမယ် အတင်းတွေ တွန်းကာ မိုက်တွေအသဲအသန်ထိုးထည့်နေကြတဲ့ သတင်းထောက်တွေကြောင့် code 1 ကြက်သီးတောင်ထမိတယ်။ မသိရင် သူ့ကိုပဲ အမဲဖျက်တော့မလို..........
YOU ARE READING
Love Curse ( အချစ်ကျိန်စာ ) Season 3
Fantasyရှိန်းသုတမဟာဆိုတဲ့ လူသားကောင်လေးရဲ့မျက်ရည်တွေက အဂ္ဂိဆိုတဲ့ငါ့တစ်ယောက်ထဲရဲ့အပိုင်........