"ကလေးက အရမ်းကြီးမစိုးရိမ်ရတော့ပါဘူး။ ဒါပေမယ့်လည်း တစ်ရာ ရာခိုင်နှုန်း အန္တရာယ်ကင်းသေးတာတော့မဟုတ်ဘူး။ အဲ့တာကြောင့် ဆေးရုံက သေချာစောင့်ကြည့်ပေးနေပါတယ်။ အဆင်ပြေမယ်ဆို အိမ်က လူကြီးတစ်ယောက်ယောက်ခေါ်ထားပါလား။ နှစ်ယောက်လုံးက Alpha နဲ့ Omegaမို့ ဒီအရွယ်လေးနဲ့ကလေးယူတာ ပြဿနာမရှိပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ကျောင်းသားအရွယ်လေးတွေဆိုတော့ ကလေးနဲ့ပတ်သတ်ပြီး ဘာမှနားမလည်လောက်သေးဘူးမလား....."
"ကျွန်တော်တို့ အတက်နိုင်ဆုံးလေ့လာနေပါတယ်။ မာမီကလည်း ဒီရက်ပိုင်းမှ သွေးအရမ်းတိုးနေလို့ ဒယ်ဒီကပါ မာမီ့ကို စောင့်ကြည့်ပေးနေရလို့ပါ......."
ဝေဟင် ဆရာဝန်ကြီးကို အကျိုးသင့်အကြောင်းသင့်ရှင်းပြလိုက်ရတယ်။ အဲ့လိုမှမဟုတ်ရင် ဆရာဝန်ကြီးက တစ်မျိုးထင်နေမှာလေ.....
"ဒါဆိုလည်း မဟာအိမ်တော်က လူကြီးတွေကရော....."
"ကျွန်တော်တို့ အိမ်မှာ အိမ်တွင်းရေးကိစ္စလေးတွေ နည်းနည်းရှိနေလို့ပါ။ ပြီးတော့ ကျွန်တော့် omega နဲ့ ကျွန်တော့်ကလေးကို ကျွန်တော်တစ်ယောက်ထဲလည်း စောင့်ရှောက်နိုင်တယ်။ ဘယ်သူ့အကူအညီမှ မလိုဘူး...."
"ရှိုင်း....."
ရှိုင်းရဲ့ ခပ်ရင့်ရင့်စကားလုံးတွေကြောင့် ဝေဟင် ရှိုင်းရဲ့အင်္ကျီလက်ကိုဆွဲကာ ဆက်မပြောဖို့ တားလိုက်တယ်။
"ရပါတယ်.... ဒါဆို ဒေါက်တာသွားတော့မယ်...."
ဝေဟင် အားနာနာနဲ့ပဲ ဆရာဝန်ကိုပြုံးပြလိုက်ရတော့တယ်။ ရှိုင်းဟာလေ တကယ်မလွယ်ဘူး.....
"ရှိုင်း.....ဘာလို့ အဲ့လိုတွေပြောနေတာလဲ...."
"ပြောချင်လို့..."
"ရှိုင်းသုတမဟာ..."
ဝေဟင်က ဆူပုပ်ပုပ်လုပ်ကာ မကျေနပ်တဲ့မျက်နှာဘေးနဲ့ ကိုယ့်ကိုစိုက်ကြည့်နေတာကြောင့် ရှိုင်းမျက်နှာသာ လွှဲလိုက်တယ်.....
"ရှိုင်း...ငါကလေးမွေးထားတာ တစ်လကျော်ကျော်လေးရှိသေးတယ်နော်။ ငါ့ကို ကြည့်တောင်မကြည့်ချင်တော့ဘူးပေါ့....."
YOU ARE READING
Love Curse ( အချစ်ကျိန်စာ ) Season 3
Fantasyရှိန်းသုတမဟာဆိုတဲ့ လူသားကောင်လေးရဲ့မျက်ရည်တွေက အဂ္ဂိဆိုတဲ့ငါ့တစ်ယောက်ထဲရဲ့အပိုင်........