ချစ်ရပါသောကလေးငယ်
Part-5
ကြီးမားတဲ့ခြံဝန်းကြီးထဲမီးရောင်စုံတွေနှင့်အတူတေးဂီတသံတွေဟာပျံ့လွင့်နေပြီးလူများစွာလည်းကူးသန်းသွားလာနေသည်။နာမည်ကြီးစီးပွားရေးငန်းရှင်တစ်ဦးရဲ့မွေးနေ့ဖြစ်တာကြောင့်စီးပွားရေးနယ်ပယ်ထဲကလူများစွာတက်ရောက်ကြသည်။အဖြူရောင်ကိတ်မုန့်လေးပေါ်မှာတော့နာမည်အက္ခရာလေးထွင်းထားသည်။
10.9.1986(Tue)
10.9.2024(Tue)
HappyBirthday (38th)မဟာရဲ့၃၈နှစ်ပြည့်မွေးနေ့ဖြစ်သည်။သူ့ရဲ့နံဘေးမှာတော့လှပကျော့ရှင်းကာစီးပွားရေးနယ်ပယ်ထဲဘုရင်မဟုတောင်တင်စားခေါ်ဝေါ်နေကြတဲ့မဟာရဲ့ချစ်သူစုလိုင်လီထွန်းကမဟာလက်မောင်းတစ်ဖက်ကိုဖက်တွယ်ထားသည်။
"HAPPYBIRTHDAY ပါကိုမဟာရေ"
"ကျေးဇူးပါကိုယ့်လူ "
"Happybirthday ပါအစ်ကိုကြီးရေ ကျွန်တော်နောက်ကျသွားတယ်"
ပြောရင်းလက်ဆောင်ဖာကြီးသယ်လာကာပြုံးရင်းပြောလာတဲ့အတ္တမာန်။
"ရပါတယ်ကွာ ပွဲစတာမကြာသေးဘူး"
"ကိုကို"
"ဟင် ပြောလေလိုင်လီ"
"လိုင်လီတို့ကိုကိုမွေးနေ့ကျော်ပြီးရင်လက်ထပ်ရအောင်လေနော်"
"စောပါသေးတယ်လိုင်လီရယ်"
လိုင်လီတစ်ယောက်ချစ်သူစကားကြောင့်နှုတ်ခမ်းလေးထော်လာသည်။လက်ထပ်ဖို့ပြောရင်အမြဲတမ်းဒီလိုပဲ။
"ကိုကိုကလက်ထပ်ဖို့ပြောရင်အမြဲတမ်းဒီလိုပဲ ခုပဲ၃၈ကိုရောက်နေပြီနောက်ဆို၄၀ကပ်ပြီမိန်းကလေးဖြစ်တဲ့လိုင်လီကလက်ထပ်ဖို့ပြောတာတောင်ကိုကိုကဘာဖြစ်နေတာလဲ"
"ကိုပြောတာအချိန်နည်းနည်းယူရအောင်လို့ပြောတာပါလိုင်လီရယ်"
"ဟွန့်...."
လိုင်လီ လက်လေးပိုက်ကာနှုတ်ခမ်းလေးထော်ပြီးတစ်ဖက်ကိုလှည့်လိုက်သည်။
ထိုချိန်တရုတ်သီချင်းသံကြီးကကျယ်လောင်စွာထွက်ပေါ်လာသည်မို့ပါတီအတွင်းထဲကလူတွေအပြင်မဟာနဲ့လိုင်လီပါနားမလည်သလိုကြည့်မိသည်။ဒေါ်သီရိနွယ်နဲ့မြတ်မဟာနွယ်တို့နှစ်ယောက်ကိတ်မုန့်ကြီးတစ်ခုကိုယူလာသည်မို့မဟာမျက်မှောင်ကြုတ်မိသွားသည်။

YOU ARE READING
~ချစ်ရပါသောကလေးငယ်~
Romance"ဦးထင်က ငယ့်ကိုမချစ်ပါဘူး၊ငယ်ကသာချစ်ရတာ..." "အထင်တွေလွဲနေပြီဘေဘီကိုယ်မင်းကိုသိပ်ချစ်တာ ..." (Warning)ပါဝင်တာမို့ကြိုက်မှဖတ်ပါ။ စိတ်ကူးယဥ်ဇာတ်လမ်းတစ်ပုဒ်သာဖြစ်ပါသည်။ Uni/Zawgyi Start Date - 31/7/2024 End Date - 1/10/2024