မနက်မိုးလင်းတဲ့ အခါ မဟာနိုးလာတဲ့ အချိန် ဘေးဘီကို ဝဲယာ လှည့်ကြည့်လိုက်တော့ အာကာကို မတွေ့ရပေ။ မဟာ အမြန်ထရပ်လိုက်ပြီး ဇရပ်အပြင်သို့ ထွက်လာကာ လိုက်ရှာကြည့်တော့ မတွေ့ေပ။ မဟာ့ရဲ့ စိတ်ထဲမှာ ဘယ်လို ဖြစ်လာမှန်းမသိပေမယ့် အာကာ့ကို မတွေ့လိုက်ရတဲ့ ခဏအတွင်းမှာ သူ့ရဲ့ရင်ထဲမှာ ပူလောင် လာလေသည်။ မဟာ လိုက်ရှာနေရင်းနှင့်ပင် သူ့ရဲ့ နောက်ကျောက အသံတစ်သံ သူနှင့် ရင်းနှီးသည့်အသံတစ်သံကို ကြားလိုက်ရသည်။
" မဟာ... ဘာလိုက်ရှာနေတာလဲ..."
မဟာလှည့်လိုက်တဲ့ အချိန်မှာ အာကာက သူနောက်မှာ ရပ်နေတာကို တွေ့လိုက်ရသည်။ အာကာက တစ်ဖြည်းဖြည်းနဲ့ သူ့အနားသို့ ရောက်လာလေသည်။ မဟာက စိတ်ပေါက်ပေါက်နဲ့ အာကာရဲ့ လက်မောင်းကို ခပ်ဖွဖွ ထိုးလိုက်လေသည်။
"အာ့ နာသွားပြီ..."
မဟာထိုးလိုက်တာ ခပ်ဖွဖွလေးကို အာကာ စပ်ဖြီးဖြီးနဲ့ နာတယ်ဆိုပြီး ပြောလာလေသည်။
"မနာဘဲ နဲ့ ဇွတ်အော်နေတယ် .."
"ဟားဟား.."
မဟာ မျက်စောင်းခဲကာ ပြောလိုက်တော့ အာကာက တဟားဟားနဲ့ ရယ်ပြန်သည်။ မဟာခေါင်းကိုသာ အသာရမ်းကာ ထိုနေရာနေ ထွက်လာခဲ့သည်။ အာကာကလည်း သူနဲ့ အမှီလိုက်လာကာ ဘေးနားကနေ တစ်တွတ်တွတ်ပြောနေတော့သည်။
"မင်းညကငါ့ပေါင်ပေါ်မှာ အိပ်ပျော်သွားတာ ဟောက်သံတွေတောင် ထွက်တယ်... ငါဆိုရင် မင်းကို ကြည့်ပြီး မရယ် မိအောင် ထိန်းထားနေရတာ...."
မဟာက အာကာကို စိတ်လေသို သာ တစ်ချက်ကြည့်ပြီး အရှေ့ကို သာ ဆက်သွားနေသည်။
"ခန...ရှူး ...တိုးတိုးနေ ...."
မဟာက သွားနေတဲ့ လမ်းမှာ တစ်ခုခု မူမမှန်သလို သတိထားမိသွားတဲ့ အတွက် အာကာ့ကို တိတ်တိတ်နေခိုင်းလိုက်သည်။
"ဘာဖြစ်လို့လဲ ...မဟာ..."
အာကာက သူ့အနားသို့ ကပ်လာကာ တိုးတိုးလေး မေးလာသည်။ မဟာဘေးနားကို ဝေ့ဝိုက်ကာ ကြည့်လိုက်တော့ သစ်ပင်တစ်ပင်ရဲ့ အနောက်မှာ လှုပ်လှုပ်ရှားရှားဖြစ်နေတာကို သတိထားမိသွားသည်။
YOU ARE READING
ချစ်ခြင်း သစ္စာ