'ခွပ်'
တစ်ဖက်က တစ်ယောက်က လဲကျသွားပြီး အထိနာသွားတယ်ထင်သည် ။ ပြန်မထနိုင်သေးပေ။ ခြေထောက်နဲ့ တစ်ဖက်က လူကို တစ်ချက်ပြီး တစ်ချက် ကန်လိုက်တော့ တစ်ဖက်က လူက လက်မလျှော့သေးဘဲ မဟာ့ကို ပြန်ထိုးဖို့ လုပ်လာလေသည်။
အာကာက ကြားထဲကို ဝင်လာပြီး ထို့လူ့ လက်ကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ကာကျန်နေတဲ့ လက်တစ်ဖက်ဖြင့် ထိုလူ့ဗိုက်ကို ထိုးလိုက်သည်။ တစ်ဖက်က အထိုးခံလိုက်ရတဲ့တစ်ယောက်က သွေးရူးသွေးတန်းဖြင့် အိပ်ကပ်ထဲက ဓားကို ထုတ်ကာ မဟာ့ရဲ့ အရှေ့ကို ပြေးဝင်လာလေသည်။ မဟာက ရှောင်တိမ်းလိုက်ပြီး ခြေထိုးခံလိုက်တဲ့ အခါမှတော့ ထိုတစ်ယောက် ခြေထောက်ခေါက်ပြီး လဲကျသွားသည်။
ကိုင်ထားတဲ့ ဓားက ဝမ်းဗိုက်ကို ထိုးမိသွားပြီး ပွဲချင်းပြီး ပင် ။ ထိုလူကမျက်လုံးပြူးထွက်နေကာ ပါးစပ်မှလည်း သွေးများက စီးကျလာပြီး သူ၏ သေဆုံးနေမှုအား လက်မခံသလို အံ့အားသင့် နေတဲ့ ပုံက မျက်နှာပေါ်မှာ အထင်းသားပေါ်နေသည်။ မဟာကတော့ ဂရုမစိုက်ပေ။
အာကာက မဟာ့ရဲ့ အနားသို့ ရောက်လာကာ
"မဟာ ... ထိခိုက်သွားသေးလား.... "
မဟာက ခေါင်းကိုအသာ ရမ်းပြလိုက်သည်။
"ငါကဘာမှမဖြစ်ဘူး ...မင်းရောထိသွားသေးလား"
"ငါလည်းဘာမှမဖြစ်ဘူး .....လာ ... ကွင်းကို ပြန်ရောက်အောင် သွားကြမယ် ..."
မဟာကတော့ အာကာရဲ့ဆွဲခေါ်ရာနောက်သို့သာ လိုက်ပါသွားခဲ့သည်။ မဟာတို့ လေ့ကျင့်ရေးကွင်းက ဒီနေ့က စပြီး အားလုံးကို အဆင့်ဆင့်ပြိုင်ပြီး အတော်ဆုံးနှစ်ယောက်ကို ရွေးထုတ်ပြီး အခု နောက်တက်လာမည့် ရွှေဂိုဏ်းနဲ့ မဟာဂိုဏ်းနှစ်ခုလုံးကို အုပ်ချုပ်မည့် ဆက်ခံသူရဲ့ ဘယ်လက်ရုံးနဲ့ ညာလက်ရုန်း အဖြစ်ရွေးချယ်ခံရမည်။
ရွေးချယ်ခံရသည့် သူက ဆက်ခံသူပြီးရင် အာဏာအရှိဆုံး လူတွေ ဖြစ်လာလိမ့်မည် ။ ဘယ်သူကများ အာဏာဆိုတာကို မလိုချင်ဘဲနေပါ့မလဲ .. ကိုယ့်ရဲ့ ချစ်ရသူတွေကို ကာကွယ်မပေးချင်တဲ့ သူ ဘယ်သူရှိလို့လဲ ... သူကိုယ်တိုင်ကလည်း အာဏာဆိုတဲ့ အရာကို အရင်က မလိုချင်ပေမယ့် အခုတော့ အာဏာဆိုတဲ့ အရာရဲ့ အသုံးဝင်ပံုကို သူကိုယ်တိုင်သိမြင်နားလည်လာခဲ့ပြီဖြစ်သည်။
YOU ARE READING
ချစ်ခြင်း သစ္စာ (Complete)