မှောင်မဲနေတဲ့ မဟူရာအရောင်အဆင်းရှိကောင်းကင်ကြီးပေါ်က လင်းလက်တောက်ပနေတဲ့ ကြယ်ပွင့်လေးတွေရဲ့ အလင်းရောင်နဲ့အတူ ထိုအလင်းရောင်တို့ရဲ့ရောင်ပြန်ဟပ်မှုကြောင့် တောက်ပနေတဲ့ မြစ်ငယ်တစ်စင်းနဲ့ ထိုမြစ်ရဲ့ကမ်းစပ်မှာ ဝမ်းနည်းခြင်းတွေနဲ့ပြည့်နေတဲ့သူအချို့......
"မမ....ငါနင့်အပေါ်အများကြီးဆိုးခဲ့မိပါတယ်။ ငါနင့်ကို တောင်းပန်စကားတောင်မပြောရဲလောက်အောင်ကို ငါက ဆိုးသွမ်းခဲ့တာပါ။ ဒါပေမယ့် ငါဘယ်လောက်ပဲဆိုးသွမ်းနေပါစေ နင်ကတော့ ငါ့ကိုအမြဲနားလည်ပေးခဲ့တယ်နော်......."
ကုဒါရီ မျက်ဝန်းထဲကကျဆင်းလာမျက်ရည်တွေကို အသာသုတ်ကာ သူ့ရှေ့မှာရှိနေတဲ့ ကုဒါလရဲ့ခန္ဓာကိုယ်ပေါ်ကို ပန်းလေးတစ်ပွင့်တင်ပေးလိုက်တယ်.......
"ငါပြောတာနောက်ကျသွားပြီဆိုတာသိပေမယ့် နင်က ငါ့အတွက် အမကောင်းတစ်ယောက်ပါ။ ငါ....ငါနင့်ကို အမြဲသတိရသွားမှာပါ...."
ကုဒါရီ အပြစ်ကင်းစင်စွာလှဲလျောင်းနေတဲ့ အမဖြစ်သူရဲ့နဖူးကိုအသာနမ်းကာ ဘေးပတ်ဝန်းကျင်မှာ တစ်စုံတစ်ယောက်ကို ရှာလိုက်တယ်......
"ခနလောက်စောင့်ပေးပါ......."
ရှိန်းတို့အားလုံး ကုဒါရီရဲ့စကားကို ခေါင်းငြိမ့်ပြလိုက်တယ်။ ရှိန်းတို့လည်း ပထမတော့ ကုဒါလကို မုန်းပေမယ့် ခုလိုအားလုံးသိရတော့လည်း တကယ်ကို စိတ်မကောင်းဖြစ်မိတယ်။ အမှန်တော့ ကုဒါလသေရတာ သူတို့ကိုကူညီတာနဲ့သက်ဆိုင်နေတော့ သူတို့လည်းအပြစ်မကင်းဘူးလေ....
"အဂ္ဂိ....အဆင်ပြေရဲ့လား...."
"အင်း...."
ရှိန်း ဘေးကအဂ္ဂိကိုကြည့်ပြီး စိတ်မကောင်းဖြစ်မိတယ်။ အဂ္ဂိအနေနဲ့ သူ့ရှေ့က အမကုဒါလရဲ့အလောင်းနဲ့ ဘီလူးစိမ်းကြီးရဲ့အလောင်းကိုမြင်ရတာ ဘယ်လောက်တောင် စိတ်မကောင်းဖြစ်လိုက်မလဲ။ အဂ္ဂိဒီလောကမှာသိတာ၊ သံယောဇဉ်တွယ်တာဆိုလို့ ဒီနှစ်ယောက်ပဲရှိတာမဟုတ်လား......
"အဂ္ဂိ...ငါမင်းကို ပိုချစ်ပေးမယ်နော်...."
"ငါအဆင်ပြေပါတယ်။ လူတိုင်းက အချိန်တန်ရင် ခွဲခွာကြရတာပဲလေ...."
YOU ARE READING
Love Curse ( အချစ်ကျိန်စာ ) Season 3
Fantasyရှိန်းသုတမဟာဆိုတဲ့ လူသားကောင်လေးရဲ့မျက်ရည်တွေက အဂ္ဂိဆိုတဲ့ငါ့တစ်ယောက်ထဲရဲ့အပိုင်........