အပိုင်း ၂၃

1.2K 70 0
                                    

လွမ်းရိပ်ငြိမ်ရွာမှ  ​ကြိုဆိုပါ၏......

ဆိုင်းဘုတ်ကိုဖြတ်သည်နှင့်တစ်ပြိုက်နက် အရိပ်တစ်ခုခုဖြာကျသွားသယောင်။ ရှေ့ဆက်မောင်းတော့ ရွာထဲကိုဝင်လေပြီ။ နေဝင်ခါနီးမှီအောင်ရောက်လို့ စိတ်သက်သာရသည်။ လူတစ်သိုက်တရုံးရုံးဖြစ်နေသည်မို့ ကားရပ်ကာဆင်းလိုက်ကြ၏။

"ဦးလေးတို့"

"ဟာ ရောက်ပြီလားကွ"

တစ်ယောက်တစ်ပြန်ကြည့်လိုက်ကြကာ...

"ဗျာ!"

"တူရီးတို့ တူမရီးတို့ကို စောင့်နေတာကွယ့် လာလိုက်ခဲ့ကြ"

ဒီရွာက နာမည်ရှိ လူတစ်ဦးဟုထင်ရသည့်သူက သျှားတို့အရှေ့မှ လမ်းပြပေးသည်။ သျှားတို့ အဝတ်ထုတ်တွေကို သယ်ဖို့လုပ်တော့ ရွာသားတွေကသယ်လို့တောင်ပြီးပြီ။

"ရပါတယ် ကျွန်မတို့ဘာသာသယ်ပါ့မယ်"

မမနှောင်းကအားနာနာနှင့် ပြောတာတောင် လက်မခံပေ။

"ရပါတယ် တူမကြီးရယ် အကုန်လုံးခရီးပန်းလာကြမှာပေါ့"

မှိန်ပျပျမီးရောင်အောက်ဝယ် လူတစ်စုထိုင်နေသည်။ လမင်းကြီးက ယနေ့မှ ထိန်ထိန်သာလှ၏။ ကျယ်လွန်းလှသည့် ခြံဝန်းကြီးထဲတွင် ထူးထူးခြားခြား ဘာမှမရှိပဲ ဟင်းလင်းပြင်ကြီးသာ။ ရှိချင်းရှိ ဇရပ်နှစ်ခုပဲ ရှိမည်။ လေပြင်းတွေက ဆက်တိုက်တိုက်ခတ်လေတော့ ရေမချိုးရသေးတဲ့သူတို့တောင် စိတ်အပန်းပြေစေသည်။

သျှားတို့အဖွဲ့က ဇရပ်ရဲ့ နေရာတစ်ဝက်လောက်မှာယူထားပြီး လူကြီးလူကောင်းတွေနှင့် မျက်နှာချင်းဆိုင်။ နောက်ဇရပ်တစ်ခုကတော့ ရွာသားတစ်ချို့ပေါ့။ စကားတွေအပြောကောင်းရင်း ညတောင်ရောက်ခဲ့ပြီ။ ဒီအချိန်မှတော့ ဘယ်သူမှရေမချိုးတော့ပါ။ ရွာဘက်က စောစောအိပ်ရာဝင်ကြသည်မို့ တိတ်ဆိတ်နေမှာအသေချာ။

"ကျွန်တော့် နာမည်က ဦးမြို့မင်း ဒီရွာရဲ့ သူကြီး ဒါက ကျူပ်နှမတော် (သူကြီးကတော်) ဒေါ်မြင့်လေ။ ဟိုမှာ အရက်နာကျပြီးမှောက်နေတဲ့ အရက်သမားလေးကတော့ ကျူပ်တို့နှစ်ယောက်ရဲ့သား မောင်ဂုတ်တက်တဲ့"

ရွေးချယ်ရန် အထိုက်သင့်ဆုံးသူ [complete]Where stories live. Discover now