Part 39

2.7K 264 99
                                    

"ပတ်ဝန်းကျင်က တစ်မျိုးကြီး ဖြစ်နေတယ်လို့ မခံစားရဘူးလား...."

ဒက်ခီရာ ချီတက်ခဲ့တဲ့လမ်းတစ်လျှောက်လုံးပုံမှန်ပဲ ဆိုပေမယ့် စောင့်ရှောက်သူနယ်‌မြေက‌နေ မှင်စာနယ်မြေအကူးမှာ ရုတ်တရက်ကြီး ပတ်ဝန်းကျင်က ညီးစီးစီးကြီးဖြစ်လာတာကြောင့် စိတ်ထဲလေးသွားမိတယ်....

"ဟုတ်တယ်....ဂရုစိုက်သွားကြ...."

ခီဘွန်း ဒက်ခီရာရဲ့စကားကိုထောက်ခံကာ အားလုံးကို သတိပေးလိုက်တယ်။ ဒက်ခီရာပြောသလိုပဲ လေထုကစ အငွေ့အသက်မကောင်းဘဲ စိမ်းရွှင်ရွှင်အနံ့ကြီးဖုန်းလွှမ်းနေသယောင်ယောင်......

"မကောင်းတော့ဘူး....ရှိန်းသုတမဟာ..ဆက်မသွားနဲ့တော့!!!"

ကုဒါရီ ပတ်ဝန်းကျင်အခြေအနေကို မသင်္ကာလို့ သေချာစစ်ဆေးကြည့်နေရင်း ခုအခြေအနေကဘာဖြစ်‌နေတယ်ဆိုတာနားလည်သွားတာမို့ အရှေ့ဆုံးက သွားနေတဲ့ ရှိန်းသုတမဟာကို ချက်ချင်း အော်ကာတားလိုက်တယ်.....

"အဲ့တာထောင်ချောက် ဆက်မသွားနဲ့!!!"

"ဘာ!......."

"ရှိန်း...ဆက်မသွား.....ဟမ်! ဘယ်ရောက်သွားတာလဲ....."

ဒက်ခီရာ အနောက်က ကုဒါရီရဲ့အော်သံကြောင့်အရှေ့က ရှိန်းသုတမဟာကို တားဖို့လုပ်လိုက်ပေမယ့် သူ့စကားမဆုံးခင်မှာပဲ မျက်စိရှေ့တင် ထိုကောင်လေးရော၊ သူစီးထားတဲ့သားရဲကြီးပါ ပျောက်သွားတာကြောင့် ချက်ချင်းပဲ အမြန်လိုက်ဖို့ လုပ်လိုက်တယ်။ ဒါပေမယ့်.....

"ဟာ......ဘယ်လိုဖြစ်တာလဲ...."

ဒက်ခီရာ ထိုကောင်လေးပျောက်သွားတဲ့နေရာကို ချက်ချင်းမှီအောင်လိုက်လိုက်ပေမယ့် သူကြပျောက်မသွားဘဲ ပုံမှန်အတိုင်းဘဲ တောကြီးထဲမှာ ရှိနေသေးတာကြောင့် အံ့ဩသွားရတယ်.....

"ဘယ်လိုဖြစ်တာလဲ! ငါတို့ကြမပျောက်သွားဘူး...."

ခီဘွန်းအပြင် အခြားမှင်စာတွေပါ ရှိန်းပျောက်သွားတဲ့နေရာကို ဖျက်သွားပေမယ့် ပုံမှန်အတိုင်းပဲ ဖြစ်နေပြီး တစ်ယောက်မှ မပျောက်သွားတာကြောင့် အကုန်လုံးရုတ်ရုတ်သဲသဲဖြစ်ကုန်ကြတော့တယ်......

Love Curse ( အချစ်ကျိန်စာ ) Season 3 Where stories live. Discover now