"ကျွီ"
ရတီ ကားကို အမြန်ရပ်လိုက်ရသည်။ ဒီနေ့ မောင်ရှိတဲ့ နေရာဆီကို သွားဖို့အတွက် လေဆိပ်ကို သွားနေတဲ့ လမ်းမှာ ရုတ်တရက် လမ်းဆုံကနေ ထွက်လာတဲ့ ကောင်မလေး တစ်ယောက်ကို တိုက်မိတော့မလို ဖြစ်သွားပြီး ကားကို အမြန် ရပ်လိုက်မိသည်။
ရတီ ကားပေါ်က ဆင်းလိုက်ကာ လဲကျနေတဲ့ ကောင်မလေးကိုကြည့်လိုက်သည်။ ဆံပင်လေးနှစ်ဖက်ကို ခွဲကာ ကျစ်ဆံမြီး ကျစ်ထားကာ အဝတ်နွမ်းနွမ်းကို ဝတ်ထားတဲ့ကောင်မလေးက အခုမှ မြို့ပေါ်ကို တက်လာပြီးအလုပ်လာရှာတဲ့ ပုံပေါ်နေသည် ။
ေကာင်မလေးက နာနေသည် ထင်သည်ခြေထောက်ကို ကိုင်ကာ ထိုင်နေကာ နာကျင်ေနသော မျက်နှာနှင့် သူမရဲ့ခြေထောက်များကို နှိပ်နှယ်နေတာကို တွေ့လိုက်ရသည်။
ရတီလည်း သွားစရာ ရှိတဲ့ အတွက် စိတ်မရှည်စွာ ပြောလိုက်သည်။
" ဟိတ်...နာသွားတာလား...."
ရတီပြောလိုက်တော့ ေ ကောင်မလေးက ရတီ့ကိုမော့မကြည့်ဘဲ သူမရဲ့ နာကျင်နေတဲ့ ခြေထောက်ကို ကိုင်ကာ အသံဆာဆာနဲ့ပြောလာလေသည်။
"ရှင်လူတစယောက်လုံး ကို မမြင်ဘူးလား... ကားမောင်းတာ ရှေ့နောက်ကြည့်ပြီး မောင်းလေ...."
ကောင်မလေးက ပြောချင်တာ ပြောပြီးတဲ့ အခါမှာ ရတီ့ကို မော့ကြည့်လာသည်။
ကောင်မလေးက ရတီ့ကို ဘာမှ ထပ်ပြောလာဘဲ မှင်သေသေနဲ့ သာ စိုက်ကြည့်နေခဲ့သည်။ ကြာလာတော့ ရတီလည်း နည်းနည်းတော့ ရှက်လာမိသည်။ သူမကို အရင်ကယောက်ျားလေတွေ စိုက်ကြည့်တာ ခံခဲ့ရပေမယ့် ဘာမှ မဖြစ်ပေ။
အခုတော့ ဒီိကောင်မလေး စိုက်ကြည့်တဲ့ အခါမှာ ရတီ အနည်းငယ်ရှက်အိုးရှက်အမ်းဖြစ်လာခဲ့သည်။
"အဟမ်း "
ရတီ ချေင်းတစ်ချက်ဟန့် လိုက်ကာ ကောင်မလေးကို ထပ်မေးလိုက်သည်။
"ဆေးခန်းကို လိုက်ပိုပေးရမလား ကောင်မလေး ..."
ရတီမေးလိုက်တော့ကောင်မလေးက ခုန တုန်းက နဲ့ မတူစွာ ရတီ့ကို ပြုံးပြလာသည်။
YOU ARE READING
ချစ်ခြင်း သစ္စာ