Part 2

5.8K 11 0
                                        

****************
https://darkmidnightdesire.blogspot.com မှာ အစအဆုံးတင်ထားပြီးပါပြီ။
နောက်ပိုင်း ဇာတ်လမ်းအသစ်တွေကို blogမှာ အရင်တင်ပါမယ်။
ကြေငြာလဲ မရှိသေးပါဘူး
***************



အခန်း ( ၁ဝ )

တိုးလုံရှိန်သည် မနက်ခင်းမှာ မလိုင်ပျစ်ပျစ်ကို နံပြားနဲ့စားရတာကို ကြိုက်သည် ။

လဖက်ရည်ကလည်း ချိုဆိမ့် ။

ဒီ လဖက်ရည်ဆိုင်လေးမှာ မနက်တိုင်းလိုလို သူ ထိုင်နေကျ ။

ဆိုင်ရှေ့မှာ သူ့ကား ရပ်ထားတာကို တွေ့လို့ စခန်းက သူ့တပည့်တချို့သည် သူ ဆိုင်ထဲမှာ ရှိနေသည် ဆိုတာ

သိကြပြီး ဆိုင်ထဲကို ဝင်လာသည် ။

မတ်ဖ်တီ (အရပ်ဝတ်အရပ်စား )နဲ့ နယ်ထိန်း ချိုသာ နဲ့ ရဲသား တင့်ဆန်း ။

" ဟေ့ကောင်တွေ..လာကြလာကြ...တခုခု စားလေကွာ......"

နယ်ထိန် ချိုသာက " မစားတော့ဘူး..ဆရာ.....ဆရာ့ကားကို တွေ့လို့ ဝင်လာတာ......ကျနော်တို့ သူခိုးမိလာလို့"

လို့ ပြောရင်း အလေးပြုရင်း သူ့ရှေ့မှာ ခုံဆွဲပြီး ဝင်ထိုင်သည် ။

" ဟေ....ဘယ်က မိလာတာတုံး....."

" မနက် လင်းအားကြီး ကျနော်တို့ ကင်းလှည့်တုံး အိမ်တအိမ်ထဲကနေ ထွက်လာတာ ပက်ပင်းတိုးတာ...ခိုးကြောင်း

ဝန်ခံတယ်.....ခိုးထုပ်ထိုးတည်နဲ့ လက်ပူးလက်ကြပ် မိတာ......"

" အေး..အင်း..ကောင်းတာပေါ့....ဟေ့ကောင်...ချိုသာ..မင်း သူခိုးဖမ်းမိတာ ကောင်းပါတယ်..ဘာလို့ ငါ့လာပြောနေ

တာလဲ...မင်းအလုပ် မင်းဆက်လုပ်ပေါ့ကွာ....စခန်းခေါ်သွား အမှုဖွင့်..အချုပ်ခန်းထဲ ထည့်.....လေ.."

တိုးလုံရှိန်သည် ချိုသာ လာ အာလူးဖုတ်နေလို့ သူ အစားပျက်သွားရတဲ့အတွက် ကျွဲမီးတိုသွားသည် ။

နယ်ထိန်းချိုသာကတော့ အပြုံး မပျက်ပါ ။

" ဆရာ စိတ်ဝင်စားမယ် ထင်လို့ပါ ဆရာ...အဟဲ......."

" ဟေ.....ဘာ.....ဘာပြောတယ်....."

နယ်ထိန်းချိုသာ တင် မက အနောက်က လက်ကလေးနှစ်ဖက် ရှေ့ယှက်ပြီး ရပ်နေတဲ့ ရဲသားလေး တင့်ဆန်းကလည်း ပြုံးလို့ ။

ကံဆိုးမ သွားလေရာ မိုးလိုက်လို့ရွာWhere stories live. Discover now