****************
https://darkmidnightdesire.blogspot.com မှာ အစအဆုံးတင်ထားပြီးပါပြီ။
နောက်ပိုင်း ဇာတ်လမ်းအသစ်တွေကို blogမှာ အရင်တင်ပါမယ်။
ကြေငြာလဲ မရှိသေးပါဘူး
***************
အခန်း ( ၁ )
ဆယ်အိမ်မှူ း ကိုတင့်ဆွေသည် လမ်းပြင်ဖို့အတွက် ရပ်ကွက်ထဲမှာ အလှူခံနေသည် ။
လုပ်ငန်းရှင်တွေ က တော်တော်များများ ထည့်လှူကြသည် ။ သူ့ကို လမ်းထဲက ချစ်ခင်ကြသည် ။ ကိုတင့်ဆွေ သည် လူတကာကို ကူညီဖို့ ဝန်မလေးဘူး ။ မျက်နှာ ပြုံးချိုပြီး တက်ကြွတဲ့ လူရွယ်တယောက်ပါ ။
ရပ်ကွက် ကောင်းဖို့ သူ အမြဲ လုပ်ကိုင်နေသည် ။
နောက်ဖေးလမ်းကြားတွေကို အမှိုက်တွေ ရှင်းသည် ။ မြောင်းတွေကို ရှင်းလင်းသည် ။ မီးဘေး သူခိုးရန် ကင်းဖို့ညကင်းစောင့်တာတွေ တာဝန်ယူပေးသည် ။
" ကိုတင့်ဆွေ..ဖိုးဝ ဒိန်ချဉ်ဆိုင်ကို မကောက်ရသေးဘူးဗျ....." လို့ သူ့ကို ကူညီနေတဲ့ လမ်းထဲက ကိုပေါက်ကပြောလိုက်လို့ ကိုတင့်ဆွေလည်း စာရင်းကို ကြည့်လိုက်သည် ။
ဖိုးဝ ဒိန်ချဉ်ဆိုင်က ရပ်ရေးရွာရေးတွေမှာ အမြဲတမ်း လက်မနှေး မတွန့်တိုဘဲ ထည့်ကြလှူကြတာကို ကိုတင့်ဆွေသိထားသည် ။ " အိုကေ..သွားကြတာပေါ့ဗျာ....."လို့ ကိုတင့်ဆွေက ပြန်ပြောလိုက်သည် ။
ဖိုးဝဒိန်ချဉ်ဆိုင်သည် ရန်ကုန်မြို့မှာ နံမည်ကြီး ဆိုင် ဖြစ်သည် ။
တန်းစီစောင့်ရသည် အထိ ရောင်းကောင်းသည် ။
ဆိုင်ပိုင်ရှင် ဒေါ်ဝေဝေမာသည် ခပ်ချောချော တောင့်တောင့် ဖြူဖြူ မိန်းမတယောက် ဖြစ်သည် ။ စီးပွားတက်လို့ တန်ဖိုးကြီး ဇိမ်ခံကားတွေကို သူတို့မိသားစု စီးကြတာကို ကိုတင့်ဆွေ မြင်နေရသည် ။ ဒေါ်ဝေဝေမာက နုတ်ချိုပေါင်းသင်းတတ်ပေမယ့် သူ့မောင် မိုက်ကယ် ဆိုတဲ့ လူက မျက်နှာထားတင်းတင်းနဲ့ ငွေဂုဏ်မောက်ပြီး မောက်မာသည် လို့ ကိုတင့်ဆွေ ထင်သည် ။
ဘာဘဲဖြစ်ဖြစ် ဒီလို ချမ်းသာ အဆင်ပြေတဲ့ လူတွေက များများ ထည့်နိုင်တာမို့ သူတို့ဆိုင်ကို ဦးစားပေး အနေနဲ့အရင် သွားကောက်ဖို့ ကိုတင့်ဆွေက သဘောတူသည် ။
YOU ARE READING
ကံဆိုးမ သွားလေရာ မိုးလိုက်လို့ရွာ
Mystery / Thrillerခေတ်ပျက်ကြီးထဲမှာ အိမ်ဖော်ကောင်မလေးတွေ နဲ့ အမျိုးကောင်းသမီးတွေကို အနိုင်ကျင့်နေတဲ့ အိမ်ရှင်တွေ၊ ရဲတွေ၊ အုပ်ချုပ်ရေးမှူးတွေကို ကလဲ့စားလိုက်ချေပေးနေတဲ့ မရဏ နဲ့ သူ့ခွေးကြီး အကြောင်း
