ကျွီ.......
"ကုဒါလ....."
ကုဒါရီ ကုဒါလရဲ့အခန်းထဲကို ရောက်တဲ့အချိန် ကုဒါလကို မတွေ့ရတာကြောင့် တွေဝေသွားမိတယ်။ သူပဲ အခန်းရှေ့ထိ သူ့အခန်းထဲကို ဒီအချိန်လာခဲ့ဖို့ မရှိခိုးယုံတစ်မယ် ပြောသွားပြီး ခုကြ အရိပ်တောင်မတွေ့တော့ပြန်ဘူး။ ကုဒါလဆိုတဲ့ဟာမ ဘာလုပ်ချင်နေမှန်းကိုမသိဘူး......
"အချိန်ကုန်တာပဲ အဖတ်တင်တယ်....."
ကုဒါရီ အခန်းထဲက ထွက်သွားဖို့လုပ်တဲ့အချိန် အမှတ်တမှတ် တစ်စွန်းတစ်စမြင်လိုက်ရတဲ့ ခေါင်းအုံးအောက်က စာရွက်အစွန်းလေးကြောင့် ကုဒါရီ စိတ်ဝင်တစားပဲ ထိုစာရွက်လေးနားကိုသွားကာ ယူသင့်မယူသင့် စဉ်းစားရင်း ခြေတုံချတုံဖြစ်နေမိတယ်.....
"သူမဟုတ်တစ်ယုတ်တွေကြံနေရင် အကုန်ဒုက္ခရောက်ကုန်မှာပေါ့။ စစ်ဆေးတဲ့အနေနဲ့ ယူကြည့်လည်းရတာပဲ .... "
ကုဒါရီ ထိုစာရွက်ကို ယူကြည့်ဖို့ပဲ ဆုံးဖြတ်လိုက်တယ်။ တော်ကြာနေ ကုဒါလဆိုတဲ့မိန်းမက ပေါက်ကရတွေ လုပ်ချင်လုပ်နေမှာ.....
ကုဒါရီ ခေါင်းဦးအောက်က စာရွက်လေးကို အသာယူကာ ဘာတွေရေးထားလဲဆိုတာ ဖတ်ကြည့်လိုက်တယ်.........
'ကုဒါရီ.....အရင်ဆုံးအမတောင်းပန်ချင်ပါတယ်။ အမ အနာဂတ်မှာ ဖြစ်လာမယ့် အရာအားလုံးကိုသိနေခဲ့ပေမယ့် ဖွင့်မပြောခဲ့လို့ပါ။ အမခုလည်းဖွင့်ပြောနိုင်မှာတော့ မဟုတ်ပါဘူး။ ဗျာဒိတ်တွေက လိုတာထက်ပိုဖွင့်ပြောလိုက်ရင် လွဲချော်သွားနိုင်တာမို့ အမပြောခွင့်မရှိဘူး....
အမပြောနိုင်တာက အမှန်ကိုမြင်အောင်ကြည့်ပါ။ အမရော၊ ညီမလေးရောက အတိတ်ကအကြောင်းတွေကို မမှတ်မိနိုင်တာက ပုံမှန်လို့ ထင်နေတာလား။ အမှန်တော့ အရာအားလုံးက အလိမ်အညာတွေပဲ။ နာမည်၊ အသက်၊ ဇာတ်မြစ် အားလုံးက အလိမ်အညာတွေချည်းပဲ။ ကုဒါလ၊ ကုဒါရီဆိုတာက အမတို့နာမည်အရင်းမဟုတ်သလို၊ အမတို့နှစ်ယောက်လုံးရဲ့အသက်ကလည်း သုံးဆယ်ကျော်၊လေးဆယ်မဟုတ်ဘူး။ ပြီးတော့ အမတို့နှစ်ယောက်လုံးကို ဓါးမြတွေလက်ထဲက သူကယ်တင်ပြီးမွေးစားခဲ့တယ်ဆိုတာက ပိုလို့တောင်မဖြစ်နိုင်ဘူး။ ဒါတွေအားလုံးအတွက် အမမှာ သက်သေမရှိဘူး။ ဒါပေမယ့် အမခံစားလို့ရတယ်။ အမတို့အပြင်လောကကြီး အကြောင်းကို မသိဘူး။ အဂ္ဂိလိုကလေးတောင် ရဲတိုက်အပြင်ဘက်ကိုသွားနိုင်ပေမယ့် အမတို့ကရော .....'
YOU ARE READING
Love Curse ( အချစ်ကျိန်စာ ) Season 3
Fantasyရှိန်းသုတမဟာဆိုတဲ့ လူသားကောင်လေးရဲ့မျက်ရည်တွေက အဂ္ဂိဆိုတဲ့ငါ့တစ်ယောက်ထဲရဲ့အပိုင်........