1

3.7K 168 26
                                        

Unicode


" သေချာစစ်ထားတယ်မလား "

" စိတ်ချစမ်းပါ ကောင်းမြတ်ရ
ငါ့ကြောင့်မင်းကား
ဘယ်တုန်းကဖောက်တာရှိဖူးလို့လဲ "

" အေးပါ မင်းသိတဲ့အတိုင်း
လမ်းခရီးမှာကားပျက်တာမျိုးတွေကို
ငါစိတ်ညစ်လို့ ခရီးအချိန်ကြာတယ် "

" ဒီတစ်ခါက ဘယ်လဲ "

" ရှမ်းပြည်ဘက်
မင်းရောလိုက်ဦးမလား "

" လိုက်ချင်ပေမယ့် မအားဘူး
မင်းဘာသာပဲဂရုစိုက်သွား "

" ဟုတ်ပြီ ဟုတ်ပြီ
ငါသွားတော့မယ် မနက်ကျစောစောထွက်မှာမလို့ "

" အပြန်ရှမ်းမလေးတစ်ယောက်အပါခေါ်ခဲ့
ငါ့အတွက်ပြောတာ "

ပြုံးရယ်ရင်းစနောက်နေသည့်သူငယ်ချင်းကို
လက်ခါပြခဲ့ပြီး အိမ်အပြန်လမ်းဆီဦးတည်ခဲ့သည် ။
ဘယ်ကရှမ်းမလေးလည်း လုပ်စရာအလုပ်တွေနဲ့တင်
အိမ်ကဖေဖေနဲ့မေမေကိုတောင် အချိန်သိပ်မပေး
ဖြစ်တာကိုတစ်ခြားသူကိုရှာဖို့ အချိန်သေးသေးလေးတောင်ကျွန်တော့်မှာရှိမနေ ။ ဒီတစ်သက် ဒီအလုပ်တွေနဲ့ပဲနှစ်ပါးသွားဖြစ်တော့မှာကိုမြင်ယောင်ရင်း
တစ်ယောက်တည်းရယ်လိုက်မိတော့သည် ။

......

" ဂရုစိုက်သွားနော် သား
အရမ်းမကြာဘူးမလား "

" တစ်ပတ်လောက်ပဲ "

" မေမေ့အတွက့်ချွေးမလေးရှာလာပါဦး
ကိုယ်နေ​,နေတဲ့​မြို့ကလည်းရှာမလာပေး
အခုလည်း ခရီးသွားတိုင််းပြောသာနေရတယ်
ဘယ်တော့မှမေမေတို့ဆီခေါ်လာမလဲမသိဘူး "

" သားအလုပ်ကောင်းကောင်းလုပ်ပါရစေဦး "

" ကောင်းကောင်းလုပ်တာလွန်တောင်နေပြီ "

" ကဲပါ ခရီးသွားမယ့်ကလေးကို
မင်းပြောလို့မပြီးတော့ဘူးလား
အချိန်တန်ရင်ဖြစ်လာမှာပေါ့
သားအသက်ဘယ်လောက်ပဲရှိသေးလို့လဲ
၃၀ တောင်ပြည့်သေးတာမဟုတ်ဘူး "

" အဲလို ၃၀ မပြည့်ခင်အချိန်ငယ်တုန်းရွယ်တုန်းကို.. "

ရှမ်းရိုးမကြီးသက်သေတည် Where stories live. Discover now