ထိုးချက်များက သူ့အပေါ်ကို ကျရောက်မလာတာကို ကြည့်လိုက်တော့ သူရိန်က စူးစိုက်ကြည့်နေပြီး ဒေါသထွက်နေသော ပြီး စူးရှတဲ့ အကြည့်တွေနဲ့ မဟာကို ကြည့်လာပြီး နံရံကို ထိုးလိုက်လေတော့သည်။
" မင်းကွာ...."
သူရိန်ရဲ့ စိတ်ခန္ဓာတစ်ခုလုံး မီးလောင်မြိုက်သွားသလိုမျိုးဖြစ်လာပြီး ပေါက်ကွဲထွက်မတက်ပေ။
အာကာရဲ့ ထိုးကွက်ကို ရှောင်လိုက်လို့ မြေပြင်ပေါ်လဲကျသွားတဲ့ မဟာ့ကို ကြည့်နေရတဲ့ အချိန်မှာ ကွင်းထဲကို ဝင်ပြီး အာကာ့ကို ထိုးပစ်ချင်စိတ်တွေက တစ်ဖွားဖွားဖြစ်နေရသည်။ အခုတော့ ကြည့် သူ့ရဲ့ အရှေ့မှာ တစ်ခြားတစ်ယောက်ကို ကာကွယ်ပေးနေတာကို သူရိန်ကြည့်ပြီး သူ့ရဲ့ စိတ်တွေ လွတ်ထွက်မသွားအောင် ထိန်းချုပ်နေရသည်။ သူရိန်က မဟာ့မျက်နှာ အရှေ့က သူ့ရဲ့လက်ကို ရုတ်သိမ်းလိုက်ပြီး ဘေးနားမှာရှိတဲ့ အဆောင်နံရံကို ထိုးချလိုက်သည်။
သူရိန်ရဲ့လက်က ခုနက အာကာ့ကို ထိုးထားတဲ့ အတွက်ကြောင့်ရော အုတ်နံရံရဲ့ မာကျောမှုကြောင့်ရော နှစ်ခု ပေါင်းပြီး လက်က သွေးများက စီးကျလာခဲ့သည်။
မဟာ က အာကာ့ဘက်ကို တစ်လှည့် သူရိန့်ဘက်ကို တစ်လှည့်ကြည့်လိုက်ကာ
" မင်းတို့ နှစ်ယောက် ဘာဖြစ်လဲဆိုတာ ငါမသိဘူး ဒါပေမယ့် အခု မင်းတို့ မျက်နှာကို မင်းတို့ ပြန်ကြည့်ကြအုံး..."
မဟာပြောလိုက်တော့ သူရိန်နဲ့ အာကာ နှစ်ယောက် စလုံးအသံ မထွက်လာကြပေ။ မဟာ လည်း သူတို့နှစ်ယောက်ရဲ့ မျက်နှာကို ကြည့်ပြီး သက်ပြင်းကို အသာချလိုက်ကာ " အခန်းထဲ လိုက်ခဲ့ ...ငါဆေးထည့်ပေးမယ်..."
မဟာလည်း ပြောပြီးပြီးချင်းဘဲ သူတို့နှစ်ယောက် အနားက နေ ထွက်လာခဲ့လိုက်သည်။ မဟာ ထွက်သွားတဲ့ အချိန်မှာ ခုနကမဟာ့ရဲ့ အနောက်မှာသနားစရာ မျက်နှာဖြစ်နေတဲ့ အာကာက ချက်ချင်းပင် ပြောင်းသွားကာ သူရိန်ကို နှုတ်ခမ်းတစ်ဖက်က တွန့်ကွေးပြုံးပြလာခဲ့သည်။
သူရိန်ကတော့ အာကာ့ရဲ့ မျက်နှာ နှစ်ဖက် နဲ့ ပုံစံကို ကြည့်ပြီး တောက်တစ်ချက်ခေါက်ကာ မဟာ့အနောက်ကိုသာ လိုက်သွားတော့သည်။ အာကာလည်း အောင်နိုင်သူတစ်ယောက်လိုပင် ကော့တော့ကော့တော့နဲ့ သူရိန့် ရဲ့ အနောက်ကနေ လိုက်သွားခဲ့သည်။
YOU ARE READING
ချစ်ခြင်း သစ္စာ