Part 36

2.6K 237 122
                                    

ပြွတ်!

အဂ္ဂိ နမ်းနေတုန်း သူ့လည်ပင်းကို တွယ်ဖက်ထားတဲ့ ရှိန်းရဲ့လက်တွေကို သူ့အတောင်တွေနဲ့မထိအောင် ထိန်းထားရတယ်...........

ပြွတ်!

"ရှိန်း...."

"ဟင်....."

"လည်ပင်းကိုမဖက်ထားနဲ့....."

"ဒါဆို ငါကဘာလုပ်....အာ့! အဂ္ဂိ!"

အဂ္ဂိရဲ့လည်ပင်းတွေကိုဖက်ထားတဲ့ ရှိန်းရဲ့လက်တွေကို ကိုင်ကာ အဂ္ဂိကသူ့လည်ပင်းကိုမဖက်ထားဖို့ ပြောပြီး ကုတင်ပေါ်တွန်းချပြီး ဖိထားတာမို့ ရှိန်းမှာအလန့်တစ်ကြားပဲကလော့ကလန်ထိုးပြီး အဂ္ဂိအောက်က ထွက်လို့ရအောင် ရုန်းနေရတယ်......

"အဂ္ဂိ! ခုမှငါတို့ ဟိုစုန်းမနဲ့တိုက်ခိုက်ပြီးခါစရှိသေးတယ်လေ။ အကယ်၍ အဲ့တာလုပ်နေတုန်း သူပြန်လာရင်....."

"ရှူး.....ငါ့ကို ခွင့်ပြုပေးရှိန်း....."

"အဂ္ဂိ...ခယူတီကိုလည်း ငါ ကိုဆင်နဲ့ထားခဲ့ရတာ။ အကယ်၍သူပြဿနာရှာရင်...."

"ကျစ်! သူက ဘာမို့လို့လဲ!"

"သူက အကောင်သာကြီးတာ ကလေးပဲရှိသေးတာကွ။ အဲ့တာကြောင့် သူက ငါ့ကိုအရမ်းကပ်....."

"ငါတို့ကလေးတွေရှိတယ်....."

ရှိန်း အဂ္ဂိရဲ့ ရုတ်တရက်ဆန်တဲ့စကားကြောင့် ကြောင်သွားပြီး ဘာကို ဆိုလိုတာမှန်းမသိဖြစ်နေမိတယ်.......

"ကလေး....မင်းဘာကို ဆိုလိုတာလဲ...."

အဂ္ဂိ ‌မျက်လုံးလေးပြူးကာ တအံ့တဩဖြစ်နေတဲ့ ရှိန်းကိုကြည့်ပြီး ပြုံးမိတယ်။ ပထမတော့ ရှိန်းကို ကလေးတွေအကြောင်းမ‌ပြောပြတော့ဘူးလို့ တွေးမိပေမယ့် အဲ့လိုသာ ဖုံးကွယ်လိုက်ရင် ရှိန်းနဲ့ကလေးတွေအတွက် ဘယ်လိုလုပ်တရားပါတော့မလဲ။ ပြီးတော့ သူအသိမမဲ့ခင်မှာ ရှိန်းရယ် ကလေးတွေရယ် သူရယ်............မဖြစ်နိုင်တော့တာတွေ တွေးနေမိပြန်ပြီ....

"ရှိန်း......မင်းကို မင်းမိသားစုဆီပြန်ပို့ခဲ့တုန်းကအပြန်မှာ ငါဗိုက်ထဲမှာ ငါတို့ကလေးတွေရှိနေတယ်ဆိုတာကို သိလိုက်ရတယ်....."

"အဂ္ဂိ!"

"မထနဲ့....ဒီအတိုင်းလေးပဲနေ...."

"မင်း..."

Love Curse ( အချစ်ကျိန်စာ ) Season 3 Where stories live. Discover now