Part -(29)U

707 24 5
                                    

မဟာ အစ်ကို့ရဲ့ ဖုန်းကို နေ့တိုင်းလိုလို နီးပါး ဆက်သည်။ ကိုင်သူမရှိပေမယ့်လည်း သူဆက်ခေါ်မိနေတုန်းဘဲ....။

" အားလုံး တန်းစီလိုက်ကြ"

ဆရာပြောသလို   အားလုံးက တန်းစီပြီးတော့ ရပ်နေကြသည်။

" ဒီနေ့ အားလုံးရဲ့ အရည်အချင်းကို စစ်ပြီး တော့ အဖွဲ့တွေစပြီး ခွဲပေးမယ်..။ အဖွဲ့က သုံးဖွဲ့ရှိတယ်...A အဖွဲ့ B အဖွဲ့ နဲ့ C  အဖွဲ့ ဆိုပြီး သုံးဖွဲ့ခွဲပေးမယ်.... အဲ့ထဲက ကိုယ်ရောက်တဲ့ အဖွဲ့က ကိုယ့်ရဲ့ အရည်အချင်းဘဲ...."

"ဟုတ်ကဲ့"

အားလုံးကတစ်ညီတစ်ညွတ်တည်း ဖြေပြီးတဲ့ အချိန်မှာဘဲ ဆရာ့ရဲ့ အနားကို နောက်ထပ် လူကောင်ထွားထွားကြီး နှစ်ယောက်က ရောက်လာပြီး ဆရာက စတင်မိတ်ဆက်ပေးလေသည်။

သူတို့ လည်း ဆရာများရဲ့ နာမည်များကို မှတ်ထားလိုက်သည်။

"ကဲ အခု စပြီး နှစ်ယောက်တစ်ဖွဲ့စီ ဖွဲ့ရမယ် "

အာကာက သူ့အနားသို့ တိုးလာကာ

"မဟာ မင်းနဲ့ ငါနဲ့နှစ်ယောက်တစ်ဖွဲ့ဖွဲ့ကြရအောင် ။"

အာကာ ပြောလာတော့ မဟာ ခေါင်းညိတ်လက်ခံလိုက်သည်။ သူ့မှာလည်း အာကာကလွဲရင် ဘယ်သူနဲ့မှ အဖွဲ့ဖွဲ့စရာမရှိပေ။ မဟာတို့ရဲ့ မလှမ်း မကမ်းမှာ တော့ သူရိန်က တစ်ခြားတစ်ယောက်နဲ့ အဖွဲ့ဖွဲ့လိုက်လေသည်။

" အားလုံး အဖွဲ့ဖွဲ့ပြီး ကြပြီလား "

" ဟုတ်ကဲ့ "

ဆရာက မေးလာတဲ့ အခါမှာ အားလုံးက တစ်ညီတစ်ညွတ်တည်း ဖြေကြသည်။

" အဲဒါဆိုရင် ကိုယ်နဲ့ ဖွဲ့ထားတဲ့ လူက ကိုယ့်ရဲ့ ပြိုင်ဘက်ဘဲ " 

ဆရာပြောလိုက်တော့ မဟာက အာကာ့ကို ကြည့်လို◌က်မိသည်။ မဟာက အာကာကိုကြည့်တေ့ာအာကာက လည်း သူ့ကို ပြန်ကြည့်လာပြီး သူ့ကို ပြုံးပြလာသည်။

"မင်းသိနေတာလား"

"အင်းလေ...မင်းကို တစ်ခြားလူတွေထိခိုက်အောင် လုပ်မှာ ကို ငါခွင့်မပြုနိုင်ပါဘူး အဲ့ဒါကြောင့် ငါက မင်းနဲ့ဖွဲ့လိုက်တာ "

ချစ်ခြင်း သစ္စာ Where stories live. Discover now