ချစ်ရပါသောကလေးငယ်
Part-4
နောက်တော့ ငယ်ငယ်နဲ့လုံးလုံးတက္ကသိုလ်တက်ကြရပြီဖြစ်သည်။မဟာကပဲအပို့အကြိုလုပ်နေခဲ့တာ၁လရှိခဲ့ပြီ။ခုလည်းသုံးယောက်သားကျောင်းကပြန်လာပြီးဧည့်ခန်းထဲစာလုပ်သူကလုပ်အလုပ်လုပ်သူကလုပ်။
"ငယ်ငယ် ကျောင်းပြီးရင်ဦးဆီမှာအလုပ်အစမ်းဝင်"
"ဟုတ် ဒါနဲ့ဦး ဦးကိုဦးဘာလို့မဟာလို့ပြောတာလဲ "
"ဟော အဲ့တာကဦးတို့မျိုးရိုးနာမည်လေ "
"ဖိုးဖိုးကြီးရောဦးရော လုံးလုံးရောအဲ့နာမည်ကြီးပါတာနော်"
"ဒါပေါ့..."
ထိုချိန်စားပွဲပေါ်တင်ထားတဲ့ဖုန်းကထမြည်လာလေသည်။မဟာ ကြည့်လိုက်တော့ လိုင်လီဆီကဖြစ်နေသည်။ဖုန်းကိုကောက်ယူကာအိမ်ပြင်ထွက်လာခဲ့သည်။
ငယ်ငယ် အပြင်ကိုဖုန်းယူပြီးထွက်သွားတဲ့ဦးကိုကြည့်မိသည်။အရင်ကဆိုဦးကသူမတို့ရှေ့လည်းဖုန်းပြောတာပါပဲ။ခုသိသိသာသာ၁လလောက်ရှိပြီ။ခပ်ချောချောအမျိုးသမီးတစ်ယောက်ဦးတို့အိမ်ကိုမကြာခဏအဝင်အထွက်လုပ်လေ့ရှိသည်။အမြဲတမ်းလည်းတပူးပူးတတွဲတွဲတွေ့ရတတ်သည်။
လုံးလုံးအတွေးလွန်နေတဲ့ငယ်ငယ်မျက်နှာရှေ့လက်နှင့်ရမ်းရင်း
"ငယ်ငယ် ဘာတွေအတွေးလွန်နေလဲ ငါစာမေးမလို့"
"ဟမ် ဘာမှမဟုတ်ပါဘူး ပြောလေဘယ်စာလဲ"
လုံးလုံးမေးတဲ့စာကိုပြန်ဖြေပြီးငယ်ငယ်လည်းကိုယ့်စာကိုယ်လုပ်နေလိုက်သည်။
မဟာလည်းခြံထဲကစားပွဲကိုမှီကာလိုင်လီနဲ့ဖုန်းပြောနေသည်။
"အင်း အဲ့နေ့ကြကျွန်တော်လည်းသွားရမှာလေ အတ္တမာန်လည်းလာမှာ"
"လိုင်လီရဲ့ပါတနာလုပ်ပေးပါလား ကိုမဟာ"
"အင်း ကျွန်တော်လည်းပါတနာမရှိဘူး"
လိုင်လီလည်းရုံးခန်းထဲလှည့်ပတ်လျှောက်ကာပြုံးစစဖြင့်ဖုန်းပြောနေသည်။
"ကိုမဟာ လိုင်လီCompanyကိုခဏလောက်လာပါအုန်းProjectအတွက်ဆွေးနွေးစရာလေးရှိလို့"

YOU ARE READING
~ချစ်ရပါသောကလေးငယ်~
Romance"ဦးထင်က ငယ့်ကိုမချစ်ပါဘူး၊ငယ်ကသာချစ်ရတာ..." "အထင်တွေလွဲနေပြီဘေဘီကိုယ်မင်းကိုသိပ်ချစ်တာ ..." (Warning)ပါဝင်တာမို့ကြိုက်မှဖတ်ပါ။ စိတ်ကူးယဥ်ဇာတ်လမ်းတစ်ပုဒ်သာဖြစ်ပါသည်။ Uni/Zawgyi Start Date - 31/7/2024 End Date - 1/10/2024