Part -(28)U

719 20 8
                                    

ညရောက်တော့ မဟာ အရမ်းကို ပင်ပန်းနေပြီဖြစ်လို့ ကုတင်ပေါ်သို့ တန်းပြီးလှဲချလိုက်သည်။ သူ လှဲနေတဲ့ အချိန် မှာဘဲ သူရိန်က လည်း အခန်းထဲကို ဝင်လာလေသည်။  မဟာ ကတော့ ဂရုစိုက်မနေဘဲ အမောဖြေနေမိသည်။ မဟာ့ရဲ့ ဘေးနားက ဖုန်းသံကြားရတော့ ကြည့်လိုက်တဲ အချိန်မှာ အစ်ကို ဖြစ်နေသည်။

ဘေးနားက သူရိန်ကတော့ သဘောမကျသလို မျက်မှောင် ကြုတ်လိုက်မိသည်။

မဟာကတော့ အစ်ကို့ရဲ့ ဖုန်းကိုင်လိုက်ပြီး အစ်ကို့ရဲ့ အသံလေးကို နားထောင်နေလိုက်သည်။

"ညီ..... လေ့ကျင့်လို့ ပြီး ပြီလား....."

"ဟုတ် အစ်ကို .....အခုမှ နားတာ .."

"ပင်ပန်းမှာဘဲ...."

အစ်ကို့ရဲ အသံလေးက တိမ်ဝင်သွားလေသည်။

"အရမ်းကြီးလည်း မပင်ပန်းပါဘူး အစ်ကိုရဲ့ ...အစ်ကိုရော အခုတစ်လော ဘာတွေလုပ်နေလဲ ...."

"အကိုက အခု ရာဇာဂိုဏ်းကို သခင်ကြီး လွှတ်လို့ ရောက်နေရတာ ညီ...."

" ဟုတ်လားအစ်ကို .... အဆင်ပြေရဲ့လား...."


"အင်း ပြေပါတယ် ..ညီ ... ညီ ပင်ပန်းတယ်ဆိုရင် နားတော့လေ.. အစ်ကိုလဲ အလုပ်လေး တစ်ခု ပေါ်လာလို့ ..ဖုန်းချလိုက်‌ေတော့မယ်လေနော်....."

"အင်းအင်း..."

တစ်ဖက်ကချသွားတဲ့ ဖုန်းကို ကြည့်ပြီး မဟာကတော့ အနည်းငယ်တော့ ဝမ်းနည်းမိသည်။ အစ်ကိုနဲ့ စကားတွေ အများကြီး ပြောချင်နေပေမယ့် အစ်ကိုက မအားတာကြောင့် သူလည်း ဘာမှ မတတ်နိုင်ပေ။ သူတို့ နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် အချိန်မပေးနို်ငလဲ ဘာဖြစ်လဲ အဓိက အရေးကြီးတာကတော့ သူတို့ နှစ်ယောက် ချစ်နေဖို့ ဘဲ မလား ... ။ တစ်ဖက်က အစ်ကိုက ရော သူ့လို တွေးနေမလား.....။ အတွေးများနဲ့ တစ်ညတာကို ဖြတ်သန်းနေရတော့မည်။


တစ်ဖက်ကမင်းခန့်ကတော့ ...

"ကောင်လေး ကိုယ်ဖုန်းဆက်နေတာကို မမြင်တာလား..."

" မြင်တယ်လေ... တမင်သက်သက်ကို ခေါ်လိုက်တာ ....."

သခင်ကြီးရဲ့ စေခိုင်းချက်အရ ရော သူ့မိဘတွေရဲ့ သေဆုံးမှုက ရာဇာဂိုဏ်းနဲ့ပတ်သတ်တယ်ဆိုပြီး သတင်းရထားတဲ့ အတွက်ကြောင့်ရော မင်းခန့်က အခု ကောင်လေးရဲ့ ဘေးနားမှာ ရောက်နေရတာဖြစ်သည် ။

ချစ်ခြင်း သစ္စာ Where stories live. Discover now