ချစ်ရပါသောကလေးငယ်
Part-3
အဘိုးအဘွားတွေပြန်သွားသည်နှင့်ငယ်ငယ်လည်းခေါင်းရင်းအိမ်ကိုပြေးလာခဲ့သည်။အိမ်ထဲရောက်တော့ဧည့်ခန်းထဲခြေချိတ်ထိုင်နေတဲ့ဦးကိုတွေ့လိုက်ရသည်။ဆံပင်ခဲရောင်ဆိုးထားတာမနည်းကြာခဲ့ပြီပင်။ခုထိလည်းထိုခဲရောင်အတိုင်း။အသက်တစ်နှစ်ကြီးလေပြောင်းလဲလေဆိုပေမဲ့အဲ့ထဲဦးမပါ။ပြောင်းလဲသွားတာဆိုလို့ဒီဂရီမျက်မှန်တစ်ခုကနေရာယူထားတာလေးပဲရှိသည်။
"ဦး...."
အသံစူးစူးလေးကြောင့် မဟာမော့ကြည့်တော့ ဒူးဖုံးဂါဝန်ကားကားလေးနဲ့ချာတိတ်ကိုတွေ့ရသည်။
"လာလေ ချာတိတ်ရဲ့..."
"လုံးလုံးတို့ရောဘယ်သွားလဲဦး..."
"သမီးကသူ့အဘိုးတွေနဲ့အပြင်သွားတယ်..."
"အော်...ဦးကရောဘာလို့မလိုက်သွားတာလဲ.. "
"ဦးကအလုပ်တွေမပြီးသေးလို့လေချာတိတ်ရဲ့ဒါနဲ့နောက်လကြတက္ကသိုလ်စတက်ရပြီနော် ဘာလုပ်ဖို့စိတ်ကူးထားလဲချာတိတ်..."
"ငယ်ငယ်က အောင်မြင်တဲ့စီးပွားရေးရှင်ဖြစ်ချင်တာ..."
"ဟုတ်လား အဲ့ဆိုဦးနဲ့တူတာပေါ့..."
"ဟုတ် ငယ်ငယ်ဗိုက်ဆာတယ်ဦး အိမ်မှာဘာမှမစားခဲ့ဘူး..."
သူမလေးစကားကြောင့်မဟာ ထိုင်ရာကနေထလိုက်ပြီး
"ထ ဦးဟင်းချက်ပေးမယ်..."
"ယေး...ဒါမှဦးကွ..."
မဟာ အရှေ့ကနေသွားတော့သူမလေးကနောက်ကလိုက်လာသည်။မီးဖိုချောင်ထဲဝင်လာကာရေခဲသေတ္တာဖွင့်လိုက်တော့ဝက်သားတွေ့တာကြောင့်ထုတ်ယူကာရေစင်မှာရေသန့်စင်အောင်ဆေးကြောလိုက်သည်။အိမ်အကူမလေးတွေကတားပေမဲ့သူတို့ကိုခြံထဲအလုပ်လုပ်ခိုင်းထားပြီး မဟာ ကိုယ်တိုင်ချက်ဝင်ချက်နေခြင်းဖြစ်သည်။ဝက်သားကိုရေဆေးပြီးသည်နှင့်အနေတော်လေးတွေတုံးလိုက်သည်။ထို့နောက်အရသာမှုန့်တွေထည့်ကာနယ်ပြီးအသားထဲစိမ့်အောင်ခဏနှပ်ထားသည်။ထိုချိန်အစိမ်းကြော်လေးကြော်ဖို့ပဲသီးတို့လွေ့တို့မုန်လာဥ၊ပန်းဂေါ်ဖီအစရှိသည့်တို့ကိုလှီးကာရေဆေးကြောပြီးဇကာထဲစစ်ထားလိုက်သည်။နောက်ပါးကချာတိတ်ကိုကြည့်တော့စားပွဲပေါ်လက်ထောက်ကာသူ့ကိုမျက်တောင်မခတ်တမ်းပြုံးပြုံးကြီးကြည့်နေသည်။

YOU ARE READING
~ချစ်ရပါသောကလေးငယ်~
Romance"ဦးထင်က ငယ့်ကိုမချစ်ပါဘူး၊ငယ်ကသာချစ်ရတာ..." "အထင်တွေလွဲနေပြီဘေဘီကိုယ်မင်းကိုသိပ်ချစ်တာ ..." (Warning)ပါဝင်တာမို့ကြိုက်မှဖတ်ပါ။ စိတ်ကူးယဥ်ဇာတ်လမ်းတစ်ပုဒ်သာဖြစ်ပါသည်။ Uni/Zawgyi Start Date - 31/7/2024 End Date - 1/10/2024