Part 33

2.1K 216 80
                                    

"အဂ္ဂိမရှိတော့ဘူး!!! သ...သခင်မကြီး အဂ္ဂိပျောက်သွားပါတယ်......"

ကိန်နရီ အနားယူရင်း သူမကိုယ်တိုင်ဖော်စပ်ထားတဲ့ အနီရောင်အရည်အချို့ကိုသောက်ဖို့ပြင်နေတုန်း ကြားလိုက်ရတဲ့စကားကြောင့် နှုတ်ခမ်းနားမှာတင် လက်တို့ဟာ ရပ်တန့်သွားခဲ့တယ်.....

"ဘာပြောလိုက်တာ....."

"ဟို....ဟို....သခင်မကြီး ခွင့်လွှတ်ပေးပါ...."

ကိန်နရီ သူမရှေ့မှာတင် ကြောက်ဒူးတုန်နေတဲ့ မှင်စာကိုကြည့်ပြီး ဒေါသက ပိုပိုထွက်လာခဲ့တယ်.....

"နင်တို့နယ်မြေကိုဖျက်စီးခဲ့တုန်းက နင်တို့ကိုပါ တစ်ခါတည်း မျိုးတုန်းပေးခဲ့ရမှာ....."

"သ...သခင်မကြီး...ခွင့်လွှတ်ပေးပါ...."

ဒူးထောက်ချကာ အကြိမ်ကြိမ်ရှိခိုးတောင်းပန်နေတဲ့ မှင်စာကိုကြည့်နေရင်း ဘေးဘက်မှာရှိတဲ့ တောင်ဝှေးကို လှမ်းယူလိုက်တယ်။ သူတောင်ဝှေးယူလိုက်တာနဲ့ ချက်ချင်းပဲ ပြူးနေတဲ့မျက်လုံးက ကျွတ်မထွက်ရုံတမယ် ကြောက်လန့်တကြားဖြစ်သွားတဲ့ မှင်စာကိုကြည့်ပြီး အရမ်းကိုဝမ်းသာမိတာပဲ။ အဲ့လိုပဲ ဖြစ်နေရမယ်။ ဒီလောကက သက်ရှိတွေအကုန်လုံး သူ့ကိုကြောက်လန့်နေရမယ်.......

"ဟား...ဟား...ဟား....နင်ငရဲမှာသာ ပျော်ပျော်ကြီးသွားနေလိုက်တော့....
ဟား...ဟား...ဟား..."

"အား!!!!!!!!!!"

တောင်ဝှေးထဲက အနီရောင်အမြုတေရဲ့ စွမ်းအားတွေ ထိုစုတ်တီးစုတ်ပြတ်မှင်စာကောင်ကို တိုက်ရိုက်ထိသွားချိန်မှာတော့ ထိုမှင်စာရဲ့ နာနာကျင်ကျင်အော်ဟစ်သံနဲ့အတူ ခန္ဓာကိုယ်တစ်ခုလုံး ချက်ချင်းလောင်ကျွမ်းကာ ပြာကျသွားတဲ့ ထိုမှင်စာရဲ့ ခန္ဓာကိုယ်.......

"တောက်! အဂ္ဂိ...အဂ္ဂိ...အသက်ရှင်ခွင့်ပေးထားတာတောင် ကျေးဇူးမတင်ဘဲ ‌ထွက်ပြေးသွားပြန်ပြီပေါ့လေ။ နင်က ငါ့ကို ခနခနကျေးဇူးကန်းနေမှတော့ ငါကလည်းညှာစရာမလိုတော့ဘူးပေါ့...."

ကိန်နရီ ‌‌ကုန်းမြေဧရိယာဘက်‌ပြန်ရောက်တာမှမကြာသေးဘူး။ အဂ္ဂိပျောက်သွားပြီဆိုတဲ့ သတင်းကြောင့် ဒေါသတော်တော်ကိုထွက်နေမိတယ်။ သူက အလျှော့ပေးထားတာတောင် ကောင်းကောင်းမနေဘူးပေါ့လေ။ အဲ့ကောင်က ဘာကိစ္စ လွတ်သွားရတာလဲ။ နေပါဦး...အဲ့ကောင်လွတ်သွားတယ်ဆိုတော့ ငါ့ရဲ့.....

Love Curse ( အချစ်ကျိန်စာ ) Season 3 Where stories live. Discover now