အပိုင်း ၁၄

1.6K 77 0
                                    

ကောင်းကင်မှ ငှက်ကလေးတွေ အော်သံကြောင့် သျှား လန့်နိုးလာရသည်။ စဥ်းစားကြည့်မှ ညကဟို၄ယောက် ဘယ်ရောက်သွားလဲမသိဘူး။ နှောင်းကို ကြည့်တော့ ညကအတိုင်းပဲ ရင်ခွင်ထဲမှာ ပုံမပျက် အိပ်နေတဲ့အပြင် ဖက်တောင်ထားသေးသည်။ ဒီတကြိမ်နဲ့ဆို နှောင်းနဲ့ အိပ်ဖူးတာ နှစ်ခါတိတိ ရှိပါပြီ။ မသိမသာ အသာယာလေး ဖယ်တာတောင် နိုးဖြစ်အောင် နိုးသွားပါသေးသည်။

"ဟင်...သျှားနေသော်မောင် အစောကြီးနိုးနေတာလား"

"အခုလေးတင်နိုးတာပါ မမနှောင်း ဆက်အိပ်လေ"

မမနှောင်း လို့ ခေါ်လိုက်တာကြောင့် ပြုံးယောင်သမ်းသွားပြီး မျက်နှာပြန်တည်လိုက်ပေမယ့် သေချာ အသေးစိတ် စိုက်ကြည့်နေတဲ့ သျှားကတော့ မြင်ဖြစ်အောင်မြင်ပါသည်။ လက်ကလေးနဲ့ အသာယာ နှာဖူးကိုစမ်းကြည့်​တော့ နွေးခနဲမလို့ တော်ပါသေးသည်။

"နေကောင်းနေပါပြီဆို"

"တစ်ခုမကောင်းသေးဘူး သိလား"

"ဘာလဲဟင်"

"အကျင့်လေ"

မျက်မှောင်ကြီးကြုံ့ပြီး လက်မောင်းကို ဖြတ်ရိုက်လိုက်တာမလို့ နာလည်းခံရပါမည်။ သူအရင်စတာကိုး။ မနက်စောစော လူကိုစိတ်မကြည်အောင်။

"ကျွန်မက ဘာလုပ်နေလို့လဲ"

"ဘာမှမလုပ်လို့ပေါ့"

"ဘာကိုလုပ်ရမှာလဲ"

သျှား ပါးချိုင့်လေးပေါ်အောင်ပြုံးလိုက်ပြီး

"ဘာမှမဟုတ်ပါဘူး သျှားက ဒီတိုင်းစတာ"

"ဒါနဲ့ နေပါအုံး ညကတူတူအိပ်မိသွားတာလား"

"အမ် ဟုတ်...ဟုတ်တယ်"

"ညကခေါင်းတွေအရမ်းမူးနေလို့ ဘာမှမမှတ်မိဘူး
ဘာမှတော့မဖြစ်ကြဘူးမလားဟင်"

ညကကိစ္စကို သူအတော်စိတ်ဝင်စားနေပုံရသည်။

"မမနှောင်းကဘာဖြစ်စေချင်လို့လဲ"

"ဟင် မဟုတ်ဘူးလေ ဟို....ဘာမှမဟုတ်တော့ဘူး။ ထားလိုက်တော့"

အခုမှခေါင်းပြန်ကြည်လာတဲ့သူကို ပြန်မူးအောင်လုပ်နေတဲ့ သျှားနေသော်မောင်ရယ်ပါ။ လူကိုစိတ်ထင့်အောင်အရမ်းလုပ် ရေချိုးခန်းထဲဝင်ပြီး မျက်နှာသစ်မယ်ကြံတော့

ရွေးချယ်ရန် အထိုက်သင့်ဆုံးသူ [complete]Where stories live. Discover now