"ဟိတ်.ထ တော့ ထ တော့ ... "
"အင်း..."
မဟာ အိပ်စုံမှုန်ဝါးဖြင့် ထလာရသည်။
"ထတော့ မျက်နှာသစ်ပြီးရင် မနက်စာစားရမယ် .. ပြီးရင် လေ့ကျင့်ရတော့မှာ .."
"အင်း ထပြီ.."
မဟာ အမြန် ထ လိုက်ပြီး သူ့ရဲ့ အိပ်ရာကို အမြန် သိမ်းလိုက်ပြီးရေ ချိုးကန်သို့ အမြန်ပြေးရလေသည်။ မဟာမျက်နှာသစ်ပြီး အခန်းထဲကို ပြန်လာတော့ သူရိန်ဆိုတဲ့ တစ်ယောက်က သူ့ကို စောင့်နေတာကို တွေ့လိုက်ရသည်။
"စောင့်ရတာ ကြာသွားလား ... "
မဟာမေးလိုက်တော့ သူရိန်က မဟာ့ရဲ့ မေးခွန်းကို ပြန်မဖြေဘဲ အရှေ့က နေ ထွက်သွားသည်။ မဟာလည်းစိတ်ထဲ ထားမနေတော့ဘဲ အနောက်ကနေ လိုက်သွားတော့သည်။
ထမင်းစားတဲ့ နေရာက သူတို့ ကျောင်းမှာ စားခဲ့ရတယ့် ကန်တင်းလို မဟုတ်ဘဲ စာရေးစားပွဲခုံလို ခုံအရှည်ကြီး ကို တန်းစီပြီး မျက်နှာချင်းဆိုင် ထိုင်စားရသည့်နေရာဖြစ်တာကို တွေ့လိုက်ရသည်။
ထမင်းစားနေတဲ့ အချိန်မှာတော့အားလုံးက နှစ်ယောက်တစ်ဖွဲ့ သုံးယောက်တစ်ဖွဲ့စုပြီး စကားတပြောေပြာနဲ့ ထမင်းစားနေကြသည်။ သူရိန်ဆိုတဲ့ တစယောက်ကတော့ သူ့အနားမှာ မထိုင်ဘဲ စားပွဲရဲ့ ထောင့်စွန်းမှာ တစ်ယောက်တည်း ထမင်းစားနေတာ ဖြစ်သည်။
" ဟယ်လို bro ..."
မဟာသူ့ကို နှုတ်ဆက်လာတဲ့ သူ့ဘေးနားက တစ်ယောက်ကို ကြည့်လိုက်ပြီး ပြန်နှုတ်ဆက်လိုက်သည်။
"မင်္ဂလာပါ...."
"အိုး....ငါ မင်းကို သဘောကျသွားပြီ...."
တစ်ဖက်က တစ်ယောက်က သူ့ရဲ့ အရှေ့ကို လက်တစ်ဖက်ထုတ်လာပြီး
"မိတ်ဆွေလုပ်ကြရအောင်...."
မဟာ နည်းနည်းတော့ အံ့ဩသွားရသည်။ သူ့ငယ်ငယ်တုန်းက ဆို ရင် ကျောင်းမှာ သူငယ်ချင်းတွေက သိပ်မရှိပေ။ ရှိတဲ့ သူတွေကလည်း သူ့ အဖေရဲ့ အာဏာနဲ့ ကြောင့်ဘဲ လာပေါင်းကြတာဖြစ်သည်။
ဒီတစ်ယောက်တော့ မတူဘူး သူ့ရဲ့ အကြောင်းကို မသိတောင်မှ သူနဲ့ မိတ်တွေဖြစ်ချင်တယ်ဆိုတော့ မဟာ့ရဲ့ စိတ်ထဲမှာ ပျော်ရွှင်သွားရသည်။
YOU ARE READING
ချစ်ခြင်း သစ္စာ (Complete)