Part -(26)Z

256 4 0
                                    

ကောင်းကင် ပေါ်ကို ပျံတက်သွားတဲ့ လေယာဉ်လေး တစ်စီးရယ် အဲ့ဒီ့ လေယာဉ်လေးကို ကြည့်ပြီး ဝမ်းနည်းစွာ ပြုံးနေရတယ့် ကောင်လေးတစ်ယောက်ရယ် အဲ့ဒီကောင်လေးကို ကြည့်ပြီး ပိုင်ဆိုင်ချင်စိတ်တွေ ပိုမို ကြီးထွားလာခဲ့တယ့် ကောင်လေးတစ်ယောက်ရယ်....သူတို့ ရဲ့ အချစ်ခရီးလမ်းက ဘယ်လို အချိုးအကွေ့တွေလာဦးမှာလဲ.....။

လူတိုင်းပြောပြောနေကြတဲ့ အချစ်ဆိုတာ ဘာလဲ .......တစ်ချို့ကတော့ ရယူပိုင်ဆိုင်ခြင်းမဟုတ်ဘူးတဲ့... တစ်ချို့ကျတော့လဲ .... ပိုင်ဆိုင်ရမှ အချစ်လို့ ခေါ်ရတာတဲ့...အဓိကျတဲ့အချက်ကတေ့ ..ချစ်နေဖို့ပါဘဲ...။

______________________________________

မဟာ လေယာဉ်ဆိုက်တော့ နေ့လည်၃နာရီတောင်ရှိနေပြီဖြစ်သည်။ ခရီးဆောင်အိတ်ကို လက်ကကိုင်ကာ သူ့ကို လာကြိုမည့်သူ့ကို ရှာနေလိုက်သည်။ ခဏအကြာရှာပြီးတဲ့အချိန်မှာ သူ့ရဲ့အနားကို အရပ်မြင့်မြင့် ထောင်ထောင်မောင်းမောင်းနဲ့ နဖူးအပေါ်ပိုင်းမှာ အမာရွတ်နဲ့ လူတစ်ယောက်က သူ့ရဲ့ အရှေ့ကို ရောက်လာခဲ့သည်။

"မြတ်မဟာ ဆိုတဲ့ တစ်ယောက်လား "

"ဟုတ်ပါတယ်"

"အနောက်ကနေ လိုက်ခဲ့ "

ထိုသူက သူ့ကို ပြောပြောပြီးချင်းဘဲ လှည့်ထွက်သွားလေသည်။ မဟာလည်းခရီးဆောင်အိတ်ကို ဆွဲပြီး အနောက်က လိုက်ရသည်။ လေယာဉ်ကွင်းရဲ့ အပြင်ဘက်ကို ရောက်တော့  FORD Truck Car တစ်စီးက သူ့တို့ အရှေ့ကို ရပ်လာသည်။  ထိုကားထဲက ကားမောင်းတဲ့သူက ကားပေါ်ကနေဆင်းပြီး သူ့ရဲ့ အထုတ်‌တွေကို ကားရဲ့အနောက်မှာ တင်ပေးလေသည်။

တင်ပြီးတဲ့ အခါမှာတော့ ကားရဲ့ အရှေ့ခန်းထဲမှာသူ့ကို အရင်ဝင်ထိုင်ခိုင်းတော့မဟာလည်း သူတို့ပြောတဲ့ အတိုင်းဝင်ထိုင်လိုက်လေသည်။အဲ့နောက်မှာတော့ ကားလေးက တဖြည်းဖြည်းနဲ့လေးနဲ့ တောင်တက်လမ်းလေးတွေကို ဖြတ်ကျော်လာခဲ့သည်။

လမ်းတစ်လမ်းလုံးကလည်း ကြမ်းတမ်းနေကာ ဖုန်တစ်လူးလူးနဲ့ ဖြစ်သည်။ နောက်ဆုံးတော့ သူတောင်ထိပ်က နေရာကြီးတစ်ခုကို တွေ့ရသည်။ မဟာ အခု‌ ‌‌ရောက်နေတဲ့ အချိန်က ည ခုနှစ်နာရီတောင် ထိုးနေပြီဖြစ်သည်။ ပတ်ဝန်းကျင်ကလည်း အနည်းငယ်မှောင်နေသည့်အတွက် သိပ်ပြီး ဘေးနားက အဆောက်အဦးတွေကို သေချာ မမြင်ရပေ။

ချစ်ခြင်း သစ္စာ Where stories live. Discover now