Part-2

11.5K 224 49
                                        

ချစ်ရပါသောကလေးငယ်

Part-2

"မဏိကြည်ဖြူငယ်......ထွက်လာခဲ့မယ်လာခဲ့လာ...."

အတန်းပိုင်ဆရာမရဲ့ခေါ်သံကျယ်ကြီးကြောင့်လုံးလုံးနှင့်ကလိထိုးတိုင်းကစားနေတဲ့ငယ်ငယ်မျက်လုံးလေးတွေပြူးကျယ်သွားသည်။

"ဘာဖြစ်ယို့ယဲ ဆျာမ...."

၅နှစ်သမီးလေးကခုထိစကားမပီသေးပေ။အတန်းပိုင်ဆရာမရဲ့ဘေးမှာမျက်နှာကိုလက်နှင့်အုပ်ထားကာရှိုက်ငို​နေတဲ့ကောင်လေးတစ်ယောက်။

"လာခဲ့လာ ဒီနားကိုလာခဲ့အုန်း မဏိကြည်ဖြူငယ်..."

ဆရာမခေါ်သံကြောင့်ထိုင်ခုံလေးကနေထကာဖင်လုံးလုံးလေးတွေလှုပ်ခါအောင်ပြေးသွားလေသည်။ဆရာမနားရပ်လိုက်ကာဆရာမဖြစ်သူကိုမျက်ဝန်းလှလှလေးတွေနှင့်မော့ကြည့်ကာ

"ငယ်ငယ်ရောက်ပြီ ဆျာမ..."

"သမီး သားမော်ကွန်းကိုကုတ်လိုက်တယ်ဆိုဟုတ်လား...."

ထိုခါကလေးမလေးကကောင်ငယ်လေးကိုမျက်စောင်းလေးဝင့်ကာကြည့်ပြီး

"သူက ငယ်ငယ်စာအုပ်ကိုယူတွားသာယေ...ပေးဆိုသာမပေးယို့လုပ်သာ..."

"ဆရာမကိုတိုင်လေ သမီးရဲ့အဲ့လိုကြီးမလုပ်ရဘူးလေ ခုသမီးသူငယ်ချင်းကနာလို့ငိုသွားပြီလေ နောက်မလုပ်ရဘူးနော်..."

"သိဝူး....သိဝူး.... ငယ်ငယ်ကလုပ်မှာ...."

"မဏိကြည်ဖြူငယ်..!

အတန်းပိုင်ဆရာမရဲ့အသံကြောင့်ငယ်ငယ်ကိုယ်လေးတုန်တက်ကာမျက်ရည်တွေဝဲလာသည်။

"ကျုပ်ကလေးငယ်ကိုအော်တယ်ပေါ့..!!

ကျောင်းဆင်းချိန်နီးပြီမို့ကလေးတွေကိုလာကြိုတဲ့မဟာဆရာမအပြုအမူကြောင့်ဒေါသငယ်ထိပ်တက်ဆောင့်သွားကာအံကြိတ်သံကြီးနှင့်ပြောလိုက်သည်။

"ဦးဦး....အီးဟီး....အဟင့်..."

မဟာကိုတွေ့တာနဲ့ကလေးမလေးကပြေးဖက်လာပြီးငိုသည်။မဟာလည်းဆွေ့ကနဲပွေ့ချီရင်းဆရာမကိုမျက်လုံးနီတွေနဲ့ကြည့်ပြီးလက်ညှိုးထိုးကာ

~ချစ်ရပါသောကလေးငယ်~Where stories live. Discover now