ချလွင်....ချလွင်....
သာယာလွန်းလှတဲ့ ခေါင်းလောင်းသံလေးတွေညံနေပြီး နတ်ပြည်အလားထင်မှတ်ရလောက်တဲ့ ခန်းမကြီးကို ခြေချလိုက်တာနဲ့ ကိန်နရီရဲ့စိတ်ထဲမှာ အောင်နိုင်သူတစ်ယောက်လိုခံစားလိုက်ရတော့တယ်....
ဘယ်နယ်မြေကမှ မယှဉ်နိုင်တဲ့အလှတရားတွေရှိနေတဲ့ နယ်မြေကတော့ တစ်ခုတည်းသောနယ်မြေဖြစ်တဲ့ ကောင်းကင်နယ်မြေ.....
"ကျုပ်ကတော့ ခင်များကိုဖိတ်ထားတာမျိုးမရှိဘူးထင်တယ်....."
ကိန်နရီ အဖြူရောင်နန်းတော်ကြီးရဲ့အလှတရားတွေကို ခံစားနေတုန်းမှာဘဲ ခန်းမကြီးရဲ့ ထိပ်မှာထိုင်နေတဲ့ ကြီးမားလွန်းတဲ့အဖြူရောင်အတောင်တွေနဲ့အတူ အညိုအဆင်းရှိတဲ့ကြံ့ခိုင်လွန်းလှတဲ့ခန္ဓာကိုယ်၊ ခန့်ညားထည်ဝါလွန်းလှတဲ့ရုပ်ရည်တို့ကို ပိုင်ဆိုင်ထားတဲ့အပြင် စူးရှပြီးရိသဲ့သဲ့ဆန်လွန်းတဲ့ အကြည့်တွေ၊ တကယ်ကို ပြည့်စုံလွန်းတဲ့ ယောကျာ်းတစ်ယောက်။ အဲ့လောက်ထိပြည့်စုံနေမှတော့ ကောင်းကင်နယ်မြေရဲ့ခေါင်းဆောင် အရှင်အာသာကလွဲ ဘယ်သူဖြစ်နိုင်ဦးမှာလဲ......
"လာရောက်လည်ပတ်တဲ့ ဧည့်သည်တစ်ယောက်ကို မောင်းထုတ်မလို့တော့ မဟုတ်ဘူးမလား အရှင်...."
"ကျုပ်က အဲ့လောက်မရိုင်းပါဘူး။ လာရောက်လည်ပတ်တဲ့သူကို ဧည့်ဝတ်ကျေပြွန်စွာ ကြိုဆိုမှာပါ...."
"ကျေးဇူးတင်ပါတယ် အရှင်...."
ကိန်နရီ အရှင်အာသာရဲ့စကားဆုံးတာနဲ့ အရှင်အာသာကို ဦးညွှတ်ကာ အရှင့်ပလ္လင်ရှိရာ အမြင့်ရဲ့အခြေမှာရှိတဲ့ ဧည့်သည်တို့အတွက် ပြင်ဆင်ပေးထားတဲ့ ပလ္လင်အသေးစားလေးတွေထဲက တစ်နေရာမှာ ထိုင်ဖို့လုပ်လိုက်တယ်....
"အဲ့ပလ္လင်တွေက ကျုပ်ဖိတ်ခေါ်ထားတဲ့ဧည့်သည်တွေအတွက်ပါပဲ..."
ကိန်နရီ ထိုင်ဖို့ပြင်ဆင်နေတဲ့အချိန်မှ ကြားလိုက်ရတဲ့စကားလုံးအချို့ကြောင့် ဒေါသထောင်းကနဲထွက်သွားပေမယ့် မျက်နှာပေါ်က အပြုံးကိုမပြတ်စေဘဲ အရှင့်ကို လှည့်ကြည့်လိုက်တယ်.....
"အရှင်ပြောတော့ ဧည့်သည်တိုင်းကို ဧည့်ဝတ်ကျေပွန်စွာ....."
"ကျုပ်က မဖိတ်ခေါ်ဘဲ လာတဲ့ဧည့်သည်တွေကိုလည်း ရိုင်းရိုင်းစိုင်းစိုင်း မောင်းထုတ်လေ့မရှိပါဘူး။ အဲ့တာကြောင့်ပဲ ကျုပ်မဖိတ်ခေါ်ထားတဲ့ခင်များကတော့ ခန်းမအလယ်မှာရပ်ပြီးပြောခွင့်ရှိပါတယ်။ ကျုပ်က မရိုင်းတက်ဘူးမလား...."
YOU ARE READING
Love Curse ( အချစ်ကျိန်စာ ) Season 3
Fantasyရှိန်းသုတမဟာဆိုတဲ့ လူသားကောင်လေးရဲ့မျက်ရည်တွေက အဂ္ဂိဆိုတဲ့ငါ့တစ်ယောက်ထဲရဲ့အပိုင်........