"ကျဲယွမ်ကော" အသက် ၂၀ ကျော် ကောင်လေး ၂ ယောက်နှင့် ကောင်မလေး ၁ ယောက်ကား လက်ဆွဲအိတ်ကိုယ်စီဖြင့် လှမ်းလာကြသည်။
ချန်ကျဲယွမ်က သူတို့ဆီလက်ပြရင်း "မင်းတို့အကုန်လာပြီလား"
ကောင်လေး ၁ ယောက်ကပြန်ဖြေသည် "ကျွန်တော်တို့လာတာစောပါတယ်။ ကောကလည်း အစောကြီးပဲရှိသေးတာကို ဘာလို့လောနေတဲ့ပုံပေါက်နေရတာလဲ"
ချန်ကျဲယွမ်က မျက်နှာလွှဲလိုက်ကာ "ဒီတစ်ခေါက်က ကျောင်းရဲ့ကိုယ်စားသွားမှာလေ၊ ငါတို့အနေနဲ့ စောစောရောက်အောင်သွားပြီး အသင့်ပြင်ထားတာ ပိုကောင်းတယ်မလား"
"ဟုတ်ပါပြီ ကျဲယွမ်၊ မင်းမလောပါဘူး ငါလောတာပါ ငါလောမိတာ" နောက်ထပ်ကောင်လေးတစ်ယောက်က စနောက်သောလေသံဖြင့်ပြောလိုက်သည်။ ထိုသူမှာ သူ၏အခန်းဖော်ဖြစ်သည်။
အောက်တိုဘာ ၁၀ ရက် ဆောင်းဦးရာသီဖြစ်တာနဲ့အညီ ပတ်ဝန်းကျင်တစ်ခုလုံးက အေးချမ်းလှသည်။ မနက်စောစောပင်ရှိသေးသော်လည်း ရိုက်ကူးရေးအဖွဲ့သားများက ခရီးဆောင်အိတ်များ ၊ ရိုက်ကူးရေးပစ္စည်းများကို လက်အပြည့်ဖြင့် သယ်ယူကာ ခရီးဆောင်ကားပေါ်တင်နေကြသည်။ အစီအစဉ်အတွက် ကားနှစ်စီးထွက်ခွာမည်ဖြစ်သည်။ အနုပညာရှင်နှင့် တက္ကသိုလ်ကျောင်းသားများက တစ်စီး ၊ ဝန်ထမ်းနဲ့ ရိုက်ကူးရေးတာဝန်ခံများက တစ်စီးပင်။
"မင်းတို့ရောက်လာပြီလား" ရိုက်ကူးရေးတာဝန်ခံတစ်ယောက်က ကျောင်းသားများရှိရာဆီသွား၍ နှုတ်ဆက်လိုက်သည်။
"လာခဲ့ ဟိုဘက်မှာ ငါတို့စီးရမယ့်ကားရှိတယ်" တာဝန်ခံက တစ်ဖက်ကကျောင်းသားတွေကို လမ်းညွှန်ရင်း တစ်ဖက်က ဝန်ထမ်းတွေကို ခရီးဆောင်အိတ်များယူသွားရန် ပြောကြားနေသည်။
ကားပေါ်တက်ရန်ပြင်ဆင်ပြီးချိန်၌ အနုပညာရှင်များ တစ်ယောက်ပြီးတစ်ယောက်ရောက်လာကြသည်။ ကျောင်းသားများနှင့် အချင်းချင်းမိတ်ဆက်ကာ စကားများစတင်ပြောကြတော့သည်။
ရိုက်ကူးရေးကင်မရာများက စတင်ဖွင့်လှစ်ကာ ရိုက်ကူးနေပြီဖြစ်သည်။
YOU ARE READING
Planting Heart Parcel
Fanfictionချစ်ခြင်းဆိုတာ အပင်လေးတစ်ပင်ကို စိုက်ပျိုးရသလိုပါပဲ ... ချိုသာတဲ့ မြေဩဇာစကားလုံးတွေရယ်, နွေးထွေးမှု နေရောင်ခြည်ရယ်, တသွင်သွင်စီးဆင်းနေတဲ့ စိတ်ရှည်မှုတွေနဲ့အတူ ဂရုစိုက်မှုအပြည့်ပေးပြီးမှ ထိုအပင်လေး ရှင်သန်လာပါလိမ့်မယ် .... { စိတ်ကူးယဉ်ရေးသားခြင်းသာဖြ...