ဝေါင်း!!! ဝေါင်း!!! ဝေါင်း!!!
ဒုန်း! ဒုန်း! ဒုန်း!
ရှိန်း အဖျားတက်ပြီး အိပ်ပျော်သွားတာလား။ မေ့သွားတာလားတော့မသိပေမယ့် တုန်ခါနေတဲ့မြေပြင်နဲ့ ဆူဆူညံညံအသံတွေကြောင့် ခုသတိပြန်ဝင်လာတဲ့အချိန်မှာတော့ နာကျင်နေတဲ့ခြေထောက်ကလွဲ ကျန်တဲ့ဒဏ်ရာတွေကတော့ တော်တော်လေးသက်သာသွားသလို ခံစားရတယ်။ ခြေထောက်ကတော့ တော်တော်ကို နာကျင်နေတုန်းပဲ။ နာကျင်မှုကို လျစ်လျှူကာ မျက်လုံးဖွင့်လိုက်တာနဲ့ မြင်လိုက်ရတဲ့ ကျောက်သားနံရံကြီးကြောင့် သူမသေသေးဘူးဆိုတာကို အတည်ပြုနိုင်လိုက်ပြီ။ အဲ့တေ့ာ သူလုပ်စရာရှိတာကို ဆက်လုပ်ရမှာပေါ့.....
ဝေါင်း!!!!!
ဒုန်း!!!
ရှိန်း ကျောက်သားနံရံကို စိုက်ကြည့်နေတုန်းရှိသေး သူ့နောက်ကျောနားကို ဟိုသတ္တဝါကြီးပြုတ်ကြလာသလို ခံစားလိုက်ရတာကြောင့် အမြန်ကုန်းထပြီး နံရံနဲ့ကျောနဲ့ကပ်နေလိုက်တယ်။ အသက်ဘေးကလွတ်ပြီး သတိရလာလာချင်းတော့ သားရဲသတ္တဝါကြီးရဲ့အစာ အဖြစ်မခံနိုင်ဘူး....
ဝေါင်း!!!!!!!!!
ဒုန်း!! ဒုန်း!!
"ဟမ်....."
ရှိန်း သူ့ရှေ့မှာ မြင်နေရတာကို မယုံနိုင်ဖြစ်နေမိတယ်။ သူထင်တာက အကောင်ကြီးက သူ့ကိုရန်မူဖို့ သူ့နားကပ်လာတယ်ထင်နေခဲ့တာ။ အမှန်က...
ရှိန်း အကောင်ကြီးရဲ့ လည်ပင်းမှာရစ်ပတ်နေတဲ့ ဧရာမမြွေကြီးကို ကြည့်နေမိတယ်။ ဒီမြွေကြီးရဲ့ ပုံစံက ရေအိုင်မှာတွေ့ခဲ့တဲ့ မြွေကြီးနဲ့ တစ်ပုံစံထဲပဲ။ ကြည့်ရတာ ဟိုမြွေကြီးနဲ့ပတ်သတ်နေတာမျိုး ဖြစ်နိုင်တယ်။ သူကြားဖူးတာကတော့ မြွေတွေက ရန်ငြိုးကြီးတက်တယ်တဲ့။ ခုအခြေအနေအရဆို ထိုမြွေကြီးက ဒီသားရဲသတ္တဝါကြီးကို ကလဲ့စားချေတော့မှာထင်တယ်....
သာရဲသတ္တဝါကြီးက အတင်းရုန်းကန်နေကာ သူ့လည်ပင်းကို ရစ်ပတ်နေတဲ့မြွေကြီးကို ပြန်ခုခံဖို့ပြင်နေပုံပဲ။ ဒါပေမယ့် မြွေကြီးက ထိုသတ္တဝါကြီးအလစ် လည်ပင်းကိုရစ်ပတ်ထားပုံပဲ။ သတ္တဝါကြီးမှာ အော်ဟစ်ပြီး ရုန်းကန်နေတော့တယ်။ သူ့လက်တစ်ဖက် ထိထားတာကြောင့်လည်းပါမယ် ထင်ပါတယ်။ သူ့ခမျာ ကုတ်ဆွဲချင်ပေမယ့် ယိုင်နဲ့နေတယ်.....
YOU ARE READING
Love Curse ( အချစ်ကျိန်စာ ) Season 3
Fantasyရှိန်းသုတမဟာဆိုတဲ့ လူသားကောင်လေးရဲ့မျက်ရည်တွေက အဂ္ဂိဆိုတဲ့ငါ့တစ်ယောက်ထဲရဲ့အပိုင်........