ဝေါင်း!!!ဝေါင်း!!!ဝေါင်း!!!
"ကျစ်...."
ရှိန်း ခြေထောက်ကဒဏ်ကြောင့် အဖျားတက်လာတာမို့ နေလို့မကောင်းရတဲ့ထဲ အလကားနေရင်းမာန်ဖီနေတဲ့ သတ္တဝါကြီးကြောင့် နားနှက်ဖက်ကိုသာ လက်နဲ့အုပ်ပြီး သတ္တဝါကြီးနဲ့ခပ်ဝေးဝေးက ထောင့်လေးမှာပဲ မျက်လုံးတွေကိုမှိတ်ကာ လှဲနေလိုက်တော့တယ်.......
ဝေါင်း!!!ဝေါင်း!!!
ရှိန်း ဆူညံနေတဲ့အသံတွေကို လျစ်လျှူရှုကာ ထောင့်လေးမှာ မှေးနေရင်းနဲ့မျက်ရည်တွေကျနေမိတယ်။ သူအဖျားပိုတက်လာလေ အဂ္ဂိကို သတိရလေပဲ။ ပူခြစ်တောက်နေတဲ့ ခန္ဓာကိုယ်နဲ့ဆန့်ကျင်စွာ အေးစက်တုန်ရီနေတဲ့ခံစားချက်ကတော့ လူကိုကြက်သီးတဖြန်းဖြန်းထစေပြီး အဝတ်မဲ့နေတဲ့ ခန္ဓာကိုယ်ကို အရွဲ့တိုက်နေသလားတောင် အောင့်မေ့ရတဲ့ထိပဲ......
သူ့ရဲ့ခုလိုပုံကိုသာ အဂ္ဂိမြင်ရင် ဘယ်လောက်တောင် စိတ်ဆိုးပြီး ကာကွယ်ပေးလိုက်မလဲ။ မင်းဘာကိစ္စ ငါမပါဘဲ လျှောက်သွားရတာလဲဆိုပြီး ဆူဦးမှာလား။ ဒါမှမဟုတ်လည်း သူ့အတောင်တွေနဲ့ ဖုံးအုပ်ပြီး သူ့လက်မောင်းတွေနဲ့သိုင်းဖက်ကာ ရင်ခွင်ထဲထည့်ထားပေးမှာလား.....
"အတောင်တွေ~~~~"
ရှိန်း ထိုကိစ္စဆိုးကြီးကိုပြန်တွေးမိတာနဲ့ မျက်လုံးတစ်ခုလုံးက မျက်ရည်တွေထိန်းမနိုင်အောင်ကျလာပြန်ရော။ အားလုံးက သူ့ကြောင့်ဖြစ်ရတာ။ အဲ့တုန်းကသာ အဲ့တောကြီးထဲကို လျှောက်မသွားခဲ့ရင် အဂ္ဂိနဲ့လည်း တွေ့ရမှာမဟုတ်သလို ခုလိုတွေ ဖြစ်လာမှာလည်းမဟုတ်ဘူး။ အရာအားလုံးကို သူစခဲ့မိတာ....
ရှိန်း အဂ္ဂိရှိနေတုန်းက ခနခနပြောတဲ့စကားရဲ့ အဓိပ္ပာယ်ကို ခုမှနားလည်တော့တယ်။ အဂ္ဂိပြောခဲ့သလိုပဲ သူက အဂ္ဂိရဲ့ အားနည်းချက်ဖြစ်နေခဲ့တာ။ အဲ့တာကိုသိရဲ့နဲ့တောင် သူ့ကိုအဂ္ဂိက မောင်းမထုတ်ခဲ့ဘူး.....
အဖျားတွေတက်ကာ ချမ်းတုန်နေရတဲ့ထဲ မြေကြီးပေါ်မှာအိပ်နေရတဲ့အပြင် ခန္ဓာကိုယ်ကလည်း အဝတ်မဲ့နေတာကြောင့် ကျောကုန်းက ဒဏ်ရာတွေနဲ့ လက်မောင်းကဒဏ်ရာတွေကလည်း တစ်ဆစ်ဆစ်ကိုက်ခဲနေတော့တယ်။ အဲ့လို တစ်ကိုယ်လုံးကိုက်ခဲနေတဲ့အပြင် ခြေထောက်ကလည်း ယောင်ကိုင်းညိုမဲနေပြီး မလှုပ်နိုင်လောက်အောင် သေလုမျောပါးနာကျင်နေတာကြောင့် မခံနိုင်တဲ့အဆုံးမျက်လုံးတွေပြာလာပြီး လောကကြီးနဲ့အဆက်သွယ်ပျက်သွားတော့တယ်။ သူနောက်ဆုံးမြင်လိုက်ရတဲ့ ပုံရိပ်က သူ့ကိုပြုံးပြီးကြည့်နေတဲ့ အဂ္ဂိရဲ့ပုံရိပ်........
YOU ARE READING
Love Curse ( အချစ်ကျိန်စာ ) Season 3
Fantasyရှိန်းသုတမဟာဆိုတဲ့ လူသားကောင်လေးရဲ့မျက်ရည်တွေက အဂ္ဂိဆိုတဲ့ငါ့တစ်ယောက်ထဲရဲ့အပိုင်........