"အား!!! ပြေး!!!!!"
"ကယ်ကြပါဦး!!!!!"
"ကလေးတွေ! ဟိုဘက်ကိုပြေး!!!"
"ခေါင်းဆောင်ကြီးဆီ အမြန်ပြေးကြ!!!!အား!!!!!!!!"
ပြေးလွှားနေကြတဲ့လူအုပ်ကြီးနဲ့အတူ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ ပတ်ဝန်းကျင်။ကြောက်လန့်တကြား နာနာကျင်ကျင် အော်ဟစ်သံတွေနဲ့အတူ ရှေ့မှာ ဘာရှိလဲဆိုတာ မမြင်ရတဲ့အထိကို ပြာမှုန့်တွေ ဖုံးလွှမ်းနေတဲ့ ပတ်ဝန်းကျင်။ သွေးပျက်ဖို့ကောင်းလွန်းတဲ့ အချက်တစ်ချက်က ထိုပတ်ဝန်းကျင်မှာ ပျံ့နှံ့နေတဲ့ ပြာမှုန့်တွေဟာ အရာဝတ္ထုတစ်ခု လောင်ကျွမ်းတာကြောင့် ထွက်လာတဲ့ ပြာမှုန့်တွေမဟုတ်ပါဘဲ ထိုအော်ဟစ်နေတဲ့ လူတစ်ပိုင်း တိရစ္ဆာန်တစ်ပိုင်း မျိူးစပ်သတ္တဝါတွေရဲ့ ခန္ဓာကိုယ်လောင်ကျွမ်းကာပြာမှုန့်အဖြစ်ပြောင်းလဲသွားခြင်းသာ ဖြစ်ပေတယ်ဆိုတဲ့ အချက်ပဲ.....
"ဟား....ဟား....ဟား....နောက်ဆုံးတော့ နယ်မြေဧရိယာ အားလုံးက ငါ့လက်အောက်ရောက်လာတော့မယ်!!!! ဟား...ဟား...ဟား...ဟား..."
ကိန်နရီ သူမလက်ထဲက တောင်ဝှေးကို ကိုင်မြှောက်ကာ ဒီနှစ်တွေအတွင်း ပထမဆုံးအနေနဲ့ စိတ်လွတ်လက်လွတ် အော်ဟစ်လှောင်ရီမိတယ်....
ကြောက်လန့်တကြား ပြေးလွှားနေတဲ့ သတ္တဝါတွေကို ကြည့်ရတာ တကယ်ကို ပျော်စရာကောင်းလွန်းတယ်။ သူမရဲ့ တောင်ဝှေးကအမြုတေနဲ့ ချိန်ရွယ်ပြီး ပစ်လိုက်တဲ့ နေရာတိုင်းက ပြာတွေအဖြစ်ပြောင်းလဲသွားတာကို မြင်ရတာကတော့ သူမအတွက် အဖိုးမဖြတ်နိုင်တဲ့ ရတနာပဲ....
"ဘယ်လောက်တောင် လှလိုက်တဲ့ မြင်ကွင်းလဲ။ ဟုတ်တယ်မလား။ ကုဒါရီ....."
ကုဒါရီ ပထမတော့ ဖွားဖွားနောက် လိုက်လာကာ မှင်စာတပ်ကြီးကို ဦးစီးခွင့်ရခဲ့တာကြောင့် ပျော်နေမိပေမယ့် သူမထင်မှတ်ပဲ မြင်နေရတဲ့မြင်ကွင်းတွေကြောင့် စိတ်ထဲမကောင်းဖြစ်နေမိတယ်။ သူထင်ထားတာက ဖွားဖွားနဲ့သူဦးဆောင်တဲ့ မှင်စာတပ်ကြီးက ကုန်မြေဧရိယာကတပ်နဲ့ရင်ဆိုင်ပြီး ကုန်းမြေဧရိယာကို သိမ်းမယ်လို့ပဲ ထင်ခဲ့တာ။ ဒါပေမယ့် ခုမြင်နေရတာကတော့ သူ့အထင်နဲ့ တစ်ခြားစီပဲ။ ဖွားဖွားက တွေ့သမျှ သတ္တဝါတိုင်းကို ကလေး၊ လူကြီးမချန် အမြုတေ တောင်ဝှေးနဲ့ ပစ်ပြီး ပြာအဖြစ်ပြောင်းပစ်နေခဲ့တာ...........
YOU ARE READING
Love Curse ( အချစ်ကျိန်စာ ) Season 3
Fantasyရှိန်းသုတမဟာဆိုတဲ့ လူသားကောင်လေးရဲ့မျက်ရည်တွေက အဂ္ဂိဆိုတဲ့ငါ့တစ်ယောက်ထဲရဲ့အပိုင်........