"ဟာ...ဒုက္ခပဲ..."
"မင်းဆီမှာ ကျန်သေးလား နေသစ်..."
"မကျန်တော့ဘူးကွ...."
နေသစ်နဲ့ သုတ တစ်ယောက်မျက်နှာကို တစ်ယောက် စိတ်ပျက်အားငယ်စွာကြည့်လိုက်ကြပြီး သက်ပြင်းရှည်ကြီးသာ ချလိုက်ကြတော့တယ်။ နောက်ဆုံးကျန်တဲ့ ရေသန့်ဘူးထဲမှာလည်း ရေတစ်ဝက်ပဲကျန်တော့သလို အသင့်စား စားစရာတွေကလည်း အကုန်ကုန်လို့ ချောကလတ်တောင့်လေးနှစ်တောင့်ပဲ ကျန်တော့တယ်....
"ငါတို့ ဘယ်လို ဆက်လုပ်ကျမလဲ သုတ...."
"ငါမသိတော့ဘူး။ ငါတို့ဆက်သွားရင်တော့ ရေအိုင်တို့ စားလို့ရတဲ့သစ်သီးပင်တို့ဘာတို့ တွေ့ကောင်းတွေ့နိုင်ပါတယ်...."
နေသစ် အရာအားလုံးကို လွယ်လွယ်ပြောနေတဲ့သုတကိုကြည့်ပြီး ခေါင်းသာခါမိတော့တယ်......
"မင်း ပါးစပ်ထဲရှိရာတွေ ရှောက်ပြောမနေနဲ့ သုတ။ ငါတို့ ဒီနေရာမှာ ရောက်နေတာ တစ်ပတ်ကျော်ပြီ။ ဘာရေအိုင်၊ ဘာစားစရာမှမတွေ့ဘူး။ ငါတို့ကိုယ် ငါတို့လည်း ဘယ်နေရာရောက်နေလဲဆိုတာကို မသိဘူး။ ငါတို့ တစ်ပတ်လုံးလုံးလျှောက်နေပေမယ့် ဘယ်ကို ရောက်လို့ရောက်နေမှန်းကို မသိတော့ဘူး။အဆိုးဆုံးကဘာလဲ မင်းသိလား။ ငါတို့ဘယ်နေရာက ဝင်လာခဲ့တာလည်းဆိုတာကို ငါမမှတ်မိတော့တာပဲ။ မင်းရောမှတ်မိလား သုတ..."
"မမှတ်မိဘူး။ ငါတို့အမှတ်အသားတွေ မှတ်ခဲ့သေးတာပဲ။ ဒါပေမယ့် ပြန်ရှာရင် မတွေ့တော့ဘူး...."
"အဲ့တာပြောတာ။ ဒီနေရာက တစ်ခုခုတော့ မှားနေပြီ...."
သစ်ပင်ကြီးဘေးထိုင်ချပြီး ဆံပင်တွေကို ထိုးဆွကာ စိတ်ညစ်လက်ညစ်ပြောနေတဲ့ နေသစ်ကို ကြည့်ပြီး သုတ အားနာနေမိတယ်။ သူသာ နေသစ်ကို မခေါ်ခဲ့ရင် နေသစ်ပါရောပြီး ခုလို ဒုက္ခရောက်ရမှာ မဟုတ်ဘူး....
"ငါတောင်းပန်ပါတယ်ကွာ...."
"ဘာအတွက်လဲ...."
ကိုယ့်ဘေးနားလာထိုင်ကာ ရုတ်တရက်ကြီး တောင်းပန်စကားပြောနေတဲ့သုတကို ကြည့်ပြီး ကြောင်နေမိတယ်။ ဒီကောင် ဘာထဖောက်ပြန်ပြီလဲ....
YOU ARE READING
Love Curse ( အချစ်ကျိန်စာ ) Season 3
Fantasyရှိန်းသုတမဟာဆိုတဲ့ လူသားကောင်လေးရဲ့မျက်ရည်တွေက အဂ္ဂိဆိုတဲ့ငါ့တစ်ယောက်ထဲရဲ့အပိုင်........