မင်းခန့်နဲ့ မဟာတို့ နှစ်ယောက် ကော်ဖီဆိုင်မှာ မနက်စာ စားခဲ့ပြီးတဲ့ အချိန် စံအိမ်ကို ပြန်နေတဲ့ကြတဲ့ လမ်းမှာ ဖြစ်သည်။
"အစ်ကို ...."
" ပြော လေ ညီ ...."
" အစ်ကိုနဲ့ အခု ကော်ဖီဆိုင်မှာ တွေ့တဲ့တစ်ယောက်က ဘယ်သူလဲ ဟင် "
ညီက ကောင်လေးကို မေးလိုက်တဲ့ အခါ မင်းခန့် ရဲ့ ကားစီယာတိုင်ကို ကိုင်ထားတဲ့ လက်များက တင်းကြပ်သွားရသည်။ မင်းခန့် ကြောက်နေမိသည်။ သူ့နဲ့ ကောင်လေးနဲ ဆက်ဆံရေးက ဘာမှ မပတ်သတ်ပေမယ့် ညီ အထင်လွဲသွားပြီး သူ့ကို မုန်းသွားမှာ ကို မလို လား ပေ။
" ကောင်လေးကို ပြောတာလား ညီ...."
" အင်း ဟုတ်တယ် ...."
" သူက ရာဇာ ဂိုဏ်းက ဆက်ခံသူ တစ်ယောက်လေ ဟိုတစ်နေ့က မှ ရာဇာ ဂိုဏ်းကို အလုပ်ကိစ္စနဲ့ သွားတုန်းက ကောင်လေးနဲ့ တွေ့ခဲ့တာလေ...."
" အော် ....."
ညီက အဲ့လောက်ဘဲ မေးလို့သက်ပြင်းကို မသိမသာ ခိုးချရသေးသည်။ ညီ့ကို ဘာအတွက်ကြောင့်နဲ့မှ သူ့ကို အထင်မလွဲစေချင်ပေ။
စံအိမ်ကို ရောက်တော့ ညီက သူ့ကို နှုတ်ဆက်စကားပြောပြီး အိမ်ပေါ်သို့သာ တန်းတက်သွားသည်။
မင်းခန့်လည်း သိပ်ပြီး စိတ်ထဲထားမနေတော့ဘဲ လေ့ကျင့်ရေးကွင်းဘက်သို့သာ သွားလိုက်သည်။
မဟာ စိတ်တွေ တအားကို ရှုပ်ထွေးနေသည့် အတွက် အိပ်ရာထဲမှာသာ လှဲနေလိုက်သည်။ မဟာလှဲနေရင်းနှင့်ပင် အိပ်ေပျာ်သွားေလသည်။ မဟာအိပ်ရာထဲမှာ အိပ်နေတာများ ညနေ ရောက်မှ သာ နိုးလာလေသည်။
အိပ်ရာက နိုးလာတဲ့ အခါ နေ့လည် က ဘာမှ မစားရသေးတဲ့ အတွက် အောက်ထပ်သို့ ဆင်းလာခဲ့ပြီး ထမင်းစားခန်းကို ဝင်လာခဲ့လိုက်သည်။ အိမ်တော်ထိန်းက မဟာ့ရဲ့ အနားသို့ ရောက်လာ ကာ
" ထမင်းစားတော့မလား သခင်လေး "
" ဟုတ် ဦးလေး "
" ဒါဆို ပြင်ခိုင်းလိုက်ပါမယ် သခင်လေး "
မဟာလည်း ထမင်းစားပွဲမှာ ထိုင်ကာ စောင့်နေလိုက်သည်။ မကြာပါ ခနနေတော့ ထမင်းစားပွဲပေါ်၌ အဆင်သင့် ဖြစ်နေလေပြီ ။ မဟာလည်း ထမင်းကို ထည့်စားနေတဲ့ အချိန် အစ်ကို့ ကို သတိရသွားသည် ။ မဟာက ဘေးနားမှာ ရပ်စောင့်နေတဲ့ အိမ်တော်ထိန်းရဲ့ ဘက်သို့ လှည့်ကာ
YOU ARE READING
ချစ်ခြင်း သစ္စာ