Part - (22)U

1.1K 36 4
                                    

မနက်မိုးလင်းလာခဲ့ပြီ .....

မင်းခန့် နဲ့ မဟာ တို့ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် လွတ်ထွက်သွားမည့်အလား တင်းကြပ်စွာပွေ့ဖက်ပြီး အိပ်မောကျနေကြသည့် အချိန်တွင် မင်းခန့်ရဲ့ ဖုန်းက အသံ မြည်လာလေသည်။

မင်းခန့်လည်း အိပ်ချင်မူးတူးဖြင့် ကိုင်လိုက်ပြီး contect ကို ကြည့်လိုက်တော့ ကောင်လေးဖြစ်နေပြန်သည်။

'ကျစ်'

မင်းခန့်က ကျစ်တစ်ချက် စုတ်သတ်လိုက်ပြီး ဖုန်းကို ကိုင်လိုက်သည်။

"ဟယ်လို"

"အိပ်နေတာကို အနှောင့်အယှက်ဖြစ်သွားလား "

" ဘာပြောမလို့ ဖုန်းဆက်တာလဲ .. ပြောစရာရှိတာပြော "

" မနက်စောစောစီးစီဒေါသမထွက်မနေပါနဲ့ .... ဟိုတစ်နေ့က ပိုက်ဆံ ကိစ္စလေ... အဲ့ဒါလေးကို  ပြန်ဆပ်ချင်လို့ "

"အင်း အဲ့တော့ "

"ကိုယ်တိုင် တွေ့ပြီး ပေးချင်လို့ပါ"

" ကိုယ့်ရဲ ဘဏ်နံပါတ် ပို့ပေးလိုက်မယ် လွှဲလိုက်လို့ ရတယ် တကူးတက ကြီး ပေးစရာမလိုဘူး "

ဟုတ်တယ်လေ .. မင်းခန့် ကောင်လေးနဲ့ထပ်မတွေ့ချင်တော့ပေ။ ဒါကြောင့် တွေ့ဖို့ ငြင်းဆိုနေရတာ ဖြစ်သည်။

"ကျွန်တော် က တကယ် ကျေးဇူးတင်ချင်လို့ ပါ .....  ကျွန်တော့်ရဲ့ စေတနာကို လက်ံခံပေးပါ  နော် ..နော်လို့ "


' ဟင်း.....'

မင်းခန့် သက်ပြင်း အသာ ချကာ စိတ်ကိုလျှော့ပြီး ပြောလိုက်သည်။

"ဘယ်နေရာလဲ"

"coffee date 'မှာ တွေ့ကြမယ်လေ "

"ဒါဘဲ မလား "

မင်းခန့် ဖုန်းကို ချလိုက်ကာ နာရီကို ကြည့်လိုက်တော့ 7 နာရီတောင် ထိုးနေပြီဖြစ်သည်။ ဘေးနားက ညီကို ကြည့်လိုက်တော့လည်း ညီက နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်နေတာ ဖြစ်သည်။ 

မင်းခန့် ညီ့ရဲ့ ဘေးနားသို့ သာ ပြန်လှဲလိုက်ကာ မေးလေး ထောက်ပြီး ညီ့ရဲ့ မျက်နှာကို ကြည့်နေလိုက်သည်။ မကြာပါ ညီက သူ့ကို  စိုက်ကြည့်နေတာ သတိထားမိသွားလို့ ထင်သည် မျက်မှောင် အနည်းငယ်ကျုံ့လာကာ မျက်လုံးများက ပွင့်လာလေသည်။

ချစ်ခြင်း သစ္စာ Where stories live. Discover now