ကိန်နရီ ညီအကိုနှစ်ယောက်ကြား တင်းမာနေတဲ့အခြေအနေကို စောင့်ကြည့်နေရင်းနဲ့ မန္တာန်အချို့ကို မသိမသာရွတ်နေလိုက်တယ်.....
"အာ့..."
အရိပ် သူ့ရှေ့က အဂ္ဂိကို ကြည့်နေရင်းနဲ့ နားနားမှာ တစ်စုံတစ်ယောက်က တီးတိုးလာရေရွတ်နေသလို ခံစားရတာကြောင့် စိတ်တွေရှုပ်ထွေးလာတယ်။ အဲ့ဒီ့ရှုပ်ထွေးနေတဲ့ ခံစားချက်တွေထဲကမှ တစ်ခုထဲသော ခံစားချက်ကတော့ သေချာနေခဲ့တယ်။ အဲ့တာက သူ့ရှေ့က အဂ္ဂိက သူ့ရဲ့တစ်ဦးတည်းသော ရန်သူပဲ။ သူအပြတ်ရှင်းရမယ်....
အရိပ် အဂ္ဂိကို တိုက်ခိုက်ဖို့ အသင့်ပြင်လိုက်တာနဲ့ သူ့မျက်လုံးတစ်ခုလုံးက သွေးတွေဖုံးလွှမ်းသွားခဲ့တယ်။ ထို့နောက်မှာတော့ သူခန္ဓာမပိုင်ဆိုင်ခင် အရိပ်ဘဝက ကျန်ခဲ့တဲ့ စွမ်းအင်တစ်မျိုးဖြစ်တဲ့ သူ့ခန္ဓာကိုယ်ကို လိုသလို ပုံသွင်းလို့ရတဲ့ အစွမ်းကြောင့် သူ့ရဲ့ညာဘက်လက်ကို ကြီးမားတဲ့ ပုဆိန်ကြီးအသွင်ပြောင်းလိုက်တယ်။ တွေ့ကြတာပေါ့ အဂ္ဂိရာ.....
"ရား!!!"
အဂ္ဂိ သူ့ဆီကို တည့်တည့် ပြေးလာတဲ့ အရိပ်ရဲ့တိုက်ခိုက်မှုကို အလျှင်အမြန်ရှောင်ကာ လေပေါ် ပျံတက်လိုက်ပြီး အရိပ်ရဲ့ ကျောဘက်ကို မီးလုံးနဲ့အားပြင်းပြင်းပစ်လိုက်တယ်.....
"အာ့! မင်း..."
အရိပ် ကျောပေါ်က ပူလောင်မှုကြောင့် ဒေါသပိုထွက်သွားကာ အဂ္ဂိရဲ့အနောက်ကို အမြန်ပျံကာလိုက်သွားပြီး လေထဲမှာပဲ စတင်တိုက်ခိုက်တော့တယ်....
အဂ္ဂိ သူ့ညာဘက်ပုခုံးကို စိုက်ဝင်လာတော့မယ့် အရိပ်ရဲ့ တိုက်ခိုက်မှုကို အမြန်ရှောင်ပြီးတာနဲ့ အရိပ်ရဲ့ရင်ဘက်ကို စောင့်ကန်လိုက်တယ်...
"ငါ့နားမှာ ငါ့တစ်သက်လုံးရှိနေခဲ့တဲ့မင်းက ခုလောက်ထိ အောက်တန်းကျမယ်လို့ မထင်ထားဘူး...."
အဂ္ဂိ သူ့ကို သည်းကြီးမဲကြီး တိုက်ခိုက်နေတဲ့ အရိပ်ကိုကြည့်ပြီး တော်တော်ကို အံ့ဩမိတယ်။ သူအရိပ်ကို ခုလောက်ထိ ပြောင်းလဲသွားမယ်လို့မထင်ခဲ့ဘူး.....
"ငါက အောက်တန်းကျတာလား။ မင်းကသာ အောက်တန်းကျတာလားဆိုတာ မင်းသိမှာပါ အဂ္ဂိရာ။ မင်းကသာ ရှိသမျှအရာအားလုံးကို အပိုင်လိုချင်နေတာလေ...."
YOU ARE READING
Love Curse ( အချစ်ကျိန်စာ ) Season 3
Fantasyရှိန်းသုတမဟာဆိုတဲ့ လူသားကောင်လေးရဲ့မျက်ရည်တွေက အဂ္ဂိဆိုတဲ့ငါ့တစ်ယောက်ထဲရဲ့အပိုင်........