အပိုင်း ၄

2K 101 0
                                    

တစ်ပတ်လုံးကို စာမေးပွဲအေးဆေးလေး ပြီးသွားပေမယ့် သျှား တစ်ယောက်ကတော့ ကျက်ထားတဲ့စာနဲ့ ပါတဲ့စာနဲ့လွဲနေလို့ တစ်နေကုန် အိမ်ထဲမှမထွက်။ စာမေးပွဲပြီးရင် အပြင်ထွက်မယ်ဟု စီစဥ်ထားကြသော်လည်း သျှား မလိုက်လို့မသွားဖြစ်ကြ။ အိမ်မှာပဲ နားနားနေနေချင်တယ်လို့ ပြောပြီး အိပ်ခန်းထဲမှမထွက်တော့ပါ။ ကားမရတော့မှာမလို့ မှိုင်နေရခြင်းသာဖြစ်မည်။ ဒယ်ဒီပြောထားတဲ့ အမှတ်နဲ့ကိုက်ချေမညီလို့ ကားမရတော့မှန်းတော့ ကိုယ့်ကိုကိုသိသည်။

ဒါကိုသိတဲ့ ဒယ်ဒီ ကဝယ်ပေးဖို့သာ စဥ်းစားထားသည်။ အစတည်းက ဝယ်ပေးဖို့ စီစဥ်ပြီးသားလေ။ ဒီလိုတမှိုင်မှိုင်တထွေထွေဖြစ်နေမှတော့ ပိုတောင်ဝယ်ပေးသင့်တာပေါ့။ တစ်ဦးတည်းသောသမီးမလို့ အချစ်ပိုတယ်ပဲပြောပြော အလိုလိုက်မည်။

မာမီကတော့ ဆင်ခြေပေးရင် မကြိုက်တဲ့သူမို့ သျှားကိုစာမလုပ်ဘူး ဟုသာပြောသည်။ သျှားလောက်စာလုပ်တာသူပဲရှိတာကို ဘာလို့အဲ့လိုပြောလည်း သျှား နားမလည်ပါ။ သင်တန်းစည်းကမ်း ပိုတင်းကြပ်တဲ့သူနဲ့ပဲ ထား​တော့မယ် လို့ပြောသည်။ အရင်ကဆို ဘာမှမပြောတဲ့ မာမီက အခုမှ ဘာထဖြစ်မှန်းမသိ။ လူကြီးတွေအတော် နားလည်ရခက်သည်။

"သျှားလေး တံခါးဖွင့်ပါအုံး"

အခန်းအပြင်မှ ဒယ်ဒီ့ အသံကြောင့် ခုံပေါ်မှာထိုင်နေရာကနေ ထပြီး တံခါးသွားဖွင့်လိုက်သည်။ သျှား လက်ကလေးကိုဖြန့်ပြီး ထည့်ပေးလာတဲ့ အပြာရောင်ချိတ်တွဲသော့လေးတစ်ခု။

"ရော့...ဒယ်ဒီဝယ်ပေးတာ သျှား လိုချင်တဲ့ကား"

သျှား မျက်နှာလေး မှိန်းမှိုင်နေရာကနေ ပြုံးရောင်သမ်းလာပြီး ခြံထဲကိုအမြန်ပြေးဆင်းကာ ကားဆီသွားကြည့်လိုက်တော့

"ဟေ့ယူ ငါရွေးလာတာနော်"

ကားအပြာရောင်လေးကိုမှီပြီး ဟန်ကမျက်စိလေးမှိတ်ပြသည်။ သျှား အပြာရောင်ကြိုက်တာကိုသိတဲ့ ဟန်ကအပြာရောင်လေးကိုမှ ရွေးဝယ်လာသည်။

ဒယ်ဒီနဲ့မာမီကတော့ အိမ်အပေါက်ဝမှ လက်ပိုက်ပြီးကြည့်နေကြသည်။ ကား၏အရောင်မှာ အဖြူနှင့်အပြာရောစပ်ထားတာကြောင့် သျှား အကြိုက်ပင်ဖြစ်သည်။ သျှား အကြိုက်ဆုံးအရောင်လေးကိုး။ သျှားလည်းကြိုက်လွန်းလို့ ဟန့်ကိုပြေးဖက်လိုက်တော့သည်။

ရွေးချယ်ရန် အထိုက်သင့်ဆုံးသူ [complete]Where stories live. Discover now