ဗွမ်း!!!
"အဟွတ်! အဟွတ်!"
ရှိန်း မေ့လဲသွားတာလား၊ အိပ်ပျော်သွားတာလား မသိပေမယ့် ခေါင်းပေါ်တည့်တည့်ကို ရေတွေလောင်းချခံလိုက်ရတာကြောင့် နှာခေါင်းထဲပါ ရေတွေဝင်ပြီး အသက်ရှူကျပ်ကာ လန့်နိုးသွားတော့တယ်.....
"နိုးလာပြီလား..."
ကိန်နရီ သူ့ခြေထောက်နားမှာတင် အသက်ကို လုရှူနေရတဲ့ ကောင်လေးကို ကြည့်ပြီးပြုံးမိတယ်။ သူကမ်းလှမ်းတာကိုတောင် အသိဉာဏ်ကင်းမဲ့စွာ ငြင်းဆိုခဲ့သေးတာမလား။ အဲ့တော့ သူ့လမ်းသူရွေးတာပေါ့.....
"သူ့ကို ခေါ်ခဲ့..."
"ဘာလုပ်တာလဲ။ ကျွန်တော့်ကို ဘယ်ခေါ်သွားမလို့လဲ။ လွှတ်!..."
ဟိုအဖွားကြီးရဲ့စကားဆုံးဆုံးခြင်းမှာပဲ အဖွားကြီးရဲ့ ဘေးမှာရပ်နေတဲ့ မှင်စာတစ်သိုက်က သူ့ကို အတင်းဆွဲခါ်နေတာကြောင့် ရှိန်း အကြောက်အကန်ရုန်းနေမိတယ်...
"လွှတ်!"
"ဟား...နားငြီးလိုက်တာ..."
ဖြောင်း!
ကိန်နရီ ကျွန်မှင်စာတွေရဲ့ လက်ထဲကနေ ရုန်းကန်နေတဲ့ အဂ္ဂိရဲ့ဟာလေးကို ကြည့်ပြီးမျက်စိနောက်လာတာကြောင့် လက်ထဲက တောင်ဝှေးနဲ့ ထိုကောင်လေးရဲ့ မျက်နှာကို ဖြတ်ရိုက်ပြီး အသံတိတ်ပေးလိုက်တယ်။ သူ့လက်စပြင်းသွားတယ်ထင်ပါတယ်။ ထိုကောင်လေးက ချက်ချင်းမေ့မျောသွားတဲ့အပြင် နားထင်နေရာကနေလည်း သွေးတွေ စီးကျလာတော့တယ်....
"အဲ့တာ အချိုးမပြေတဲ့သူတွေရဲ့ သွားရာလမ်းပဲ။ မင်းတို့လည်း သတိထား..."
ကိန်နရီ စိတ်မကြည်ဖြစ်သွားတာကြောင့် ဟိုကောင်လေးကိုမဖို့အရေး တောင်ငေးမြောက်ငေးလုပ်နေတဲ့ မှင်စာတွေကိုဟောက်လိုက်မှပဲ ခေါင်းငုံ့ကာ ငြိမ်ကျသွားတော့တယ်....
"သူ့ကို သယ်ခဲ့...."
_________________
"အာ့!"
"ဟဲ့ရောင် ဘာဖြစ်တာလဲ..."
နေသစ် အရှေ့ကနေ ဦးဆောင်ပြီး မြို့ပျက်ထဲကို ပတ်ကြည့်နေတုန်း အနောက်ဘက်ကနေ သုတရဲ့ အော်သံကြားလိုက်တာကြောင့် အမြန်ပဲ လှည့်ကြည့်လိုက်တယ်....
YOU ARE READING
Love Curse ( အချစ်ကျိန်စာ ) Season 3
Fantasyရှိန်းသုတမဟာဆိုတဲ့ လူသားကောင်လေးရဲ့မျက်ရည်တွေက အဂ္ဂိဆိုတဲ့ငါ့တစ်ယောက်ထဲရဲ့အပိုင်........